ဇာတ်လမ်းအညွှန်း
Zhang Li ဟာ သူနဲ့ အရမ်းရင်းနှီးခဲ့တဲ့ “ကျောက်ရုပ်” တစ်ခု သူ့မျက်စိရှေ့တင် ပျောက်ကွယ်သွားတာကို တွေ့လိုက်ရပါတယ်။ ဝမ်းနည်းမှုတွေ၊ နောင်တတွေနဲ့ ပြည့်နေတဲ့သူဟာ လျှို့ဝှက်ဆန်းကြယ်စွာ ပျက်စီးသွားခဲ့တဲ့ ရှေးခေတ်ဒဏ္ဍာရီလာ Elbis လူ့ယဉ်ကျေးမှုဆီကို ရောက်လာခဲ့ပါတယ်…
အံ့ဩစရာကောင်းတာက သူဟာ အဲ့ဒီကျောက်ရုပ်နဲ့ ထပ်တွေ့လိုက်ရပေမဲ့ အရင်ကလို နေ့တိုင်း သူ့ကို တွယ်ကပ်နေတဲ့ ငိုယိုတတ်တဲ့ ကလေးဆိုးလေး မဟုတ်တော့ဘဲ၊ အေးစက်ပြီး ရက်စက်တဲ့ အာဏာရှင်တစ်ယောက်အဖြစ် တွေ့လိုက်ရတာပါပဲ။ ဒီတစ်ခါရော သူတို့အတူတူနေနိုင်ပါ့မလား…
