ဇာတ်လမ်းအကျဉ်း
Matthew တစ်ယောက် မြင်ဖူးသမျှ ယောက်ျားတွေထဲမှာ Jin က အပြစ်ဆိုစရာမရှိအောင်ကို လှပပြီး ပြည့်စုံလွန်းနေသူပါပဲ။ ဒါပေမဲ့ Jin က ရာထူးကြီးတဲ့ ရာဇဝတ်သားတစ်ယောက်ဖြစ်ပြီး သူ့မှာ ဖြည့်ဆည်းလိုမရတဲ့ ရည်မှန်းချက်တွေ၊ ပြင်းပြတဲ့ ဆန္ဒတွေအပြည့်နဲ့ ရက်စက်ကြမ်းကြုတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်..
ပန်းပုပညာမှာ ထူးချွန်တဲ့ ကျောင်းသားလေး Matthew ကတော့ သူ့ရဲ့လှပတဲ့အသွင်အပြင်ကိုပဲ မြင်ပြီး အတွင်းထဲက မှောင်မိုက်မှုတွေကို မမြင်နိုင်ခဲ့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် Matthew က သူ့ရဲ့ အလှတရားတွေအတွက် တစ်နည်းမဟုတ်တစ်နည်းနဲ့တော့ ပေးဆပ်ရပါလိမ့်မယ်… သူ့ခန္ဓာကိုယ်နဲ့လား၊ ဒါမှမဟုတ် အဲဒါထက်ပိုပြီး တန်ဖိုးကြီးတဲ့ အရာနဲ့လားဆိုတာတော့ ပြောလိုမရနိုင်သေးပါဘူး…
