ဇာတ်လမ်းအကျဉ်း
Bi-yeon ဆိုတဲ့ ယုန်နတ်ဘုရားလေးတစ်ပါးရှိပါတယ်။ သူ့မှာ ယုန်လေးတွေကို ဂရုစိုက်တာကလွဲလို့ တခြားဘာမှလုပ်စရာမရှိဘဲ တစ်နေ့တာကို ကုန်ဆုံးနေတာပေါ့။ တစ်နေ့တော့ သူ ဒဏ်ရာရနေတဲ့ ချစ်စရာကောင်းတဲ့ နဂါးနက်လေးတစ်ကောင်ကို ကောက်ရခဲ့ပါတယ်။ အဲဒီနေ့ကစပြီး Bi-yeon ဟာ သူ့ရဲ့ ဘဝဟောင်းအိပ်မက်တွေ ကို စတင်မက်ခဲ့ပါတော့တယ်။
နတ်သားတွေအားလုံးထဲမှာ Bi-yeon က အနိမ့်ဆုံးအဆင့် ယုန်နတ်ဘုရားလေးဖြစ်ပါတယ်။ ဒါပေမဲ့ Do-ryu ဆိုတဲ့ နဂါးနတ်ဘုရားကတော့ အမြင့်ဆုံးအဆင့် နတ်ဘုရားဖြစ်ပေမဲ့ နိုင်ငံကို ဖျက်ဆီးမယ့် နိမိတ်နဲ့ မွေးဖွားလာခဲ့တာပါ။ သူတို့နှစ်ယောက်ရဲ့ မတော်တဆလိုလို ဆုံစည်းမှုနဲ့ Bi-yeon ရဲ့ ဘဝဟောင်းက နောက်ထပ်တစ်ယောက် က သူ့ကို အသစ်အဆန်းတွေ မြင်တွေ့ဖို့ မျက်လုံးပွင့်စေခဲ့ပါတော့တယ်…
