ဇာတ်လမ်းအကျဉ်း
Jaehee က သူကိုယ်သူ ဆင်ခြင်တုံတရားရှိတဲ့ alpha တစ်ယောက်လို့ အမြဲ ဂုဏ်ယူခဲ့ပါတယ်။ alphaနဲ့ omegaတွေကြားက pheromone ကိစ္စတွေ၊ ruts တွေ၊ heats တွေဆိုတာကို သူက ရိုင်းစိုင်းတယ်လို့ သတ်မှတ်ပြီး beta Yeowoon နဲ့ နှစ်နှစ်ကြာမြင့်ပြီဖြစ်တဲ့ သူ့ရဲ့ဆက်ဆံရေးကိုပဲ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာလို့ ယူဆခဲ့တာပါ။
ဒါပေမဲ့ ဒီအရာအားလုံးက ရုတ်တရက် ရပ်တန့်သွားခဲ့ပါတယ်။ heat ဖြစ်နေတဲ့ အသက်ကြီး omega တစ်ယောက်နဲ့ ဘတ်စ်ကားပေါ်မှာ သူ ပိတ်မိနေခဲ့တာကြောင့်ပါပဲ။ အဲ့ဒီ omega နဲ့ တစ်ညတာ ကာမဆက်ဆံပြီးနောက် (ဖောက်ပြန်မိပြီးနောက်) Jaehee တစ်ယောက် မခံမရပ်နိုင်အောင်ကို ပူလောင်နေခဲ့ပါတယ်။ သူက alpha ကိစ္စတွေထက် သာလွန်တဲ့ လူကောင်းတစ်ယောက်လို့ အမြဲ ထင်ခဲ့တာဆိုတော့ အခု ဘာလုပ်ရမှန်း မသိတော့ပါဘူး။
Jaehee ဟာ အဲ့ဒီညက သူ့ကို ပျက်စီးစေလိမ့်မယ်လို့ သိခဲ့ပေမဲ့ ဘယ်လောက်အထိ ဆိုးရွားမလဲဆိုတာတော့ မသိခဲ့ပါဘူး။ နောက်ဆုံးမှာ အဲ့ဒီ omega ကိုပြန်တွေ့မိချိန်မှာတော့…
