ဇာတ်လမ်းအကျဉ်း
Lee Sanလုပ်ငန်းစုကြီး ရဲ့ ဒုတိယဥက္ကဋ္ဌ Lee San ဟာ ဥက္ကဋ္ဌ Lee ကနေ မွေးစားခဲ့တာပါ။ ဒါပေမဲ့ ဥက္ကဋ္ဌရဲ့ သားအရင်းဖြစ်တဲ့ Lee Tae-gon နဲ့မတူဘဲ Lee San က သူ့ရဲ့ ကြိုးစားမှုနဲ့ ရိုးသားမှုတွေကြောင့် ဥက္ကဋ္ဌရဲ့ ယုံကြည်မှုကို ရရှိထားပါတယ်။ တစ်နေ့မှာတော့ စွန့်စားတတ်ပြီး ပေါ့ဆတဲ့ Tae-gon ဟာ ရုတ်တရက်
“ကုမ္ပဏီ ဘယ်လိုလည်ပတ်လဲဆိုတာ သင်ယူချင်တယ်” လို့ ပြောလာခဲ့ပါတယ်…
အဲ့ဒီအခါမှာတော့ သူ့ဘဝမှာ တည်ဆောက်ထားသမျှ အရာအားလုံးကို ဆုံးရှုံးရတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါ San က နောက်ဆုံးမှာ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
“ဒီအတ္တကြီးတဲ့ သခင်လေးကို ငါကိုယ်တိုင် ထိန်းချုပ်မယ်!”
