ဇာတ်လမ်းအကျဉ်း
Mo Jun ဟာ Angelတစ်ပါးဖြစ်ပြီး သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ မာန်မာနကို အလွန်တန်ဖိုးထားသူတစ်ယောက် Jingze ကတော့ သူဌေးအိမ်တော်ကအငယ်ဆုံးလေးဖြစ်ပြီး ဆိုးမိုက်တဲ့ မိစ္ဆာတစ်ကောင်ဖြစ်တယ်။ Jingze ဟာ ခြောက်ပစ်ကင်းသဲလဲစင်တဲ့ Angel တွေကိုအမြင်ကတ်တဲ့သူတစ်ယောက်ဖြစ်ပြီး Mo Jun လိုမျိုး စံပြကျောင်းသား အတန်းခေါင်းဆောင်လည်းဖြစ် ဟန်ဆောင်ကောင်းပြီး မြင့်မြတ်ချင်ယောင်ဆောင်နေတဲ့ Angelတွေကို သူက ပိုပြီးတော့တောင် နှိပ်ကွပ်ချင်နေတာပါ။
Mo Jun ဟာ သူ့ညီရဲ့ အကြွေးကို ဆပ်ဖို့အတွက် Jingze ရဲ့ အနိုင်ကျင့်မှုအောက်မှာ မာန်မာနတွေကိုဘေးချပြီး Jingze ရဲ့စိတ်ဆန္ဒတွေကို လိုက်လျောပေးရတဲ့ အခြေအနေ ဖြစ်လာခဲ့တယ်။ Jingze ကတော့ ရရှိလာတဲ့ အခွင့်အရေးကို အသုံးချပြီး Mo Jun ရဲ့ မာန်မာနတွေကို ရိုက်ချိုးဖို့ နည်းမျိုးစုံနဲ့ကြိုးစားပါတော့တယ်။ Angel တစ်ယောက်ကို သူ့ရဲ့ ခြေဖဝါးအောက်မှာ ဒူးထောက်ခိုင်းပြီး စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အမျိုးမျိုး စမ်းသပ်နှိပ်စက်ရင်းနဲ့ သူတို့နှစ်ယောက်ကြားက မုန်းတီးမှုတွေဟာ တဖြည်းဖြည်းနဲ့ တခြားသော ခံစားချက်တွေအဖြစ် ပြောင်းလဲလာတဲ့အခါမှာတော့….
ဒီဇာတ်လမ်းလေးဟာ “Ring” ဇာတ်လမ်းရဲ့ Side-couple ဖြစ်တဲ့ Mo Jun နဲ့ Jingze တို့ရဲ့ ဇာတ်လမ်းအကြောင်းပဲ ဖြစ်ပါတယ်။ “Ring” နဲ့ Univere တူပေမဲ့ Timeline ကတော့မတူပါဘူး သူတို့အတွဲမှာပိုပြီးစိတ်ဝင်စားဖို့ကောင်းတာ Angel x Demon မျိုးနွယ်မတူညီတဲ့သူတို့နှစ်ယောက်ကြား ဘယ်လိုအခက်ခဲပေါင်းစုံကြုံတွေ့ရမလဲဆိုတာ အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။
