ဇာတ်လမ်းအညွှန်း
ဘဲလေးအကသမား Sasya ရဲ့နာမည်ကြီးကောလဟာလသုံးခုရှိတယ် ။ ပထမတစ်ခုက သူက လိင်တူစိတ်ဝင်စားသူတစ်ယောက်တဲ့…ဒုတိယတစ်ခုက သူစင်ပေါ်မှာ မဖျော်ဖြေခင် မူယစ်ဆေးသုံးလေ့ရှိတယ်တဲ့..။ တတိယတစ်ခုကတော့ သူက ချမ်းသာကြွယ်ဝတဲ့လူတွေကို သူ့ကိုယ်သူရောင်းတယ်တဲ့…
ဒါပေမယ့် တချို့ကောလဟာလတွေကတော့ တကယ်ကိုမှန်ပါတယ်
ပြောရမယ်ဆိုရင် Sasya တခါက အမျိုးသားတစ်ဦးကို ချစ်ခဲ့ဖူးတယ် ဒါပေမယ့်လည်း သူဟာ အောင်မြင်မှုနောက်ကိုလိုက်ခဲ့ပြီး သူ့ချစ်သူကို စွန့်ပစ်ခဲ့တာပေါ့…
တစ်နေ့မှာ Sasya အချိန်အကြာကြီးချစ်ခဲ့ရတဲ့ ချစ်ရသူဟာ ပြန်ထွက်ပေါ်လာခဲ့ပေမယ့် အတိတ်ကပုံရိပ်များနဲ့ ခြားနားစွာပဲ ချစ်ရသူဟာ အမုန်းတရားတွေနဲ့ပြည့်နှက်နေပါတော့တယ်
ဒုတိယကမ္ဘာစစ်ကာလကို ဇာတ်အိမ်တည်ထားတာမို့ အနောက်တိုင်းရှေးကာလကိုအရသာအပြည့်နဲ့ ဖတ်ရမှာမို့ အချိန်ပေးဖတ်ရကျိုးအရမ်းနှပ်တဲ့ဇာတ်လမ်းလေးပါ Completed ဖြစ်ရုံတင်မကဘူး Art ပုံစံနဲ့တင်ဖတ်ရတာတန်နေပြီ