ဇာတ်လမ်းအညွှန်း
မြောက်ပိုင်းတိုင်းမှ တပ်မှူးမင်းသား Jun Xuanxiao ဟာ Shen မိသားစု၏ သမီးတော်ကို စိတ်ဝင်စားကာ သူ့ရဲ့ကိုယ်လုပ်တော်ဖြစ်လာရန် တောင်းဆိုခဲ့တယ် ။ မွေးစားမိခင်ရဲ့ ဘဝကို ပိုမိုကောင်းမွန်စေရန်အတွက် စကားမပြောနိုင်တဲ့ မျိုးသားအစေခံဖြစ်တဲ့ Shen Yu ဟာ မိမိရဲ့ လိင်အမျိုးအစားကို ဖုံးကွယ်ပြီး Shen မိသားရဲ့ သမီးတော်အစား မြောက်ပိုင်းတိုင်းမှ တပ်မှူးမင်းသား Jun Xuanxiao ထံသို့ သွားခဲ့ပါတော့တယ်။ Shen Yuဟာ သူရဲ့ မူလပုံစံကို သိရှိသွားခဲ့ရင် သေရမှာကို စိုးရိမ်ပေမယ့် မမျှော်လင့်ဘဲ သူဟာ Jun Xuanxiao ရဲ့ စိတ်ဝင်စားမှုကို ရရှိသွားပါတော့တယ်…
“ငါဂရုစိုက်တာ မင်းကိုပဲ၊ မင်းရဲ့ လိင်အမျိုးအစား မဟုတ်ဘူး!”
