Intro
———–
*စာပေမှာအရမ်းထူးချွန်တဲ့ကျန်ချန်*
ကျန်ချန်ဟာငယ်ငယ်လေးထဲကမွေးစားမိဘတွေနဲ့သာအတူနေခဲ့ပြီး အရွယ်ရောက်လာချိန်မှာတော့ မွေးစားမိဘတွေကသူ့ရဲ့ဖခင်ရင်းရှိရာထံသို့ နှင်ထုတ်ခံလိုက်ရပါတယ် ဒီလိုနဲ့သူ့ဖခင်ရှိရာမွေးရပ်မြေသို့ပြန်လာခဲ့ပေမယ့် မကောင်းတဲ့ဖခင်ကိုပိုင်ဆိုင်ထားရသူမို့ မပျော်ရွင်ဖြစ်နေတဲ့ကျန်ချန်ဟာ ကုဖေးနဲ့တွေ့ဆုံလာပြီးနောက်ပိုင်းဘယ်လိုဆက်ဖြစ်လာမလဲ
*လူမိုက်ဆိုတဲ့နာမည်နဲ့ ကျော်ကြားနေတဲ့ကုဖေး*
ကုဖေးရဲ့ဖခင်ဟာရေနစ်သေဆုံးသွားခဲ့သူပါ မိခင်ဆိုရင်လဲ အမြဲအလှအပကိုသာလိုက်စားပြီး ငယ်ရွယ်တဲ့ယောင်္ကျားလေးတွေထံမှာခဏခဏအလိမ်ခံရတက်သူ ညီမဖြစ်သူကုမြောင်ဟာဆိုရင်ဖြင့် ငယ်ငယ်ထဲကဖခင်ဖြစ်သူရဲ့ရိုက်နှက်ခံရမှုကြောင့် စိတ်ဒဏ်ရာရပြီး စကားမပြောခဲ့တော့တာပါ
ဒီလိုရှုပ်ထွေးစရာမိသားစုနဲ့ပတ်ဝန်းကျင်မှာကြီးပျင်းလာတဲ့ကုဖေးတစ်ယောက် ကျန်ချန်(ချန်ကော)နဲ့တွေ့ဆုံပြီးနောက်ဘယ်လိုဆက်ဖြစ်မလဲ
ဘယ်သူ့ကိုမှဂရုမစိုက်ပဲနေချင်သလိုနေတက်တဲ့ ကျန်ချန်(ချန်ကော)နဲ့ ရပ်ကွက်မှာလူမိုက်ဆိုပြီးအများကသိထားကြတဲ့ ကုဖေး
တစ်ဦးနဲ့တစ်ဦးကြားမှာနွေးနွေးမှုနဲ့ နှစ်သိမ့်မှုတွေလိုနေကြတဲ့ဒီလူနှစ်ဦး
မိသားစုကြားကအဆင်မပြေမှုတွေ စိတ်ရှုပ်တွေးမှု့တွေကြောင့် နာကျင်မှုကိုယ်စီရှိနေကြတဲ့ဒီလူနှစ်ဦး
ကြားခဲ့ရတဲ့သတင်းတွေကြောင့်ချန်ကောရဲ့ဖခင်ဖြစ်သူကကုဖေးနဲ့ဝေးဝေးနေခိုင်းရင်း ကံကြမ္မာအလိုကျ မတော်တဆ ဒီမတော်တဆတိုက်ဆိုင်မှုတွေခဏခဏကြုံရင်း တစ်ယောက်အကြောင်းတစ်ယောက်ဖြည်းဖြည်းသိသွားကြပြီးရင်းနီးသွားတဲ့အခါဘာတွေဆက်ဖြစ်ကြမလဲဆိုတာစောင့်ကြည့်ပေးကြပါဦး…
အခုဒီ novel ကို “ Chasing the light ” name နဲ့LA ပြန်ရိုက်ထားတာလဲရှိပါတယ် ထွက်တော့မထွက်သေးဘူး🙆