ဇာတ်လမ်းအကျဉ်း
မျက်နှာနှစ်ဖက်ရှိတဲ့ လူချမ်းသာ He Chu San နဲ့ စိတ်တိုတတ်တဲ့ မာဖီးယားဂိုဏ်းခေါင်းဆောင် Xia Liu Yi!… အထက်တန်းကျောင်းသား He Chu San ကို Warrior Clan ရဲ့ ခေါင်းဆောင် Xia Liu Yi က ပြန်ပေးဆွဲသွားတယ်တဲ့လား?! သူရှိနေတဲ့ ဆိုးယုတ်တဲ့ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကို မခံရဘဲ ကြင်နာတတ်ပြီး ဖြောင့်မတ်တဲ့ ဒီနိုင်ငံသားကောင်းတစ်ယောက်က လူတွေကို ကြောက်ရွံ့တုန်လှုပ်စေတဲ့ ‘ဓားနှစ်လက်သွေးဆူရာ’ နဲ့ တွေ့ဆုံတဲ့အခါ သိုးကလေးက ကျားသိုက်ထဲ ရောက်သွားတဲ့ အခြေအနေမျိုး ဖြစ်ပုံရတယ်၊ ဒါပေမဲ့ ‘သိုးကလေး’ က ‘ကျား’ ကို မဆုတ်မနစ် လိုက်လံနှောင့်ယှက်နေပါရောလား…
နေဦး၊ ဒီ ‘သိုးကလေး’ က ဘာလို့ မြေခွေးတစ်ကောင်လို ပိုပိုတူလာပြီး၊ ကြောင်ကြီးကို သူ့ထောင်ချောက်ထဲ ဆွဲသွင်းထားတာလဲ”
