ဇာတ်လမ်းအညွှန်း
ပြိုင်ပွဲရဲ့ ဆုအကြီးဆုံးကို ဆွတ်ခူးသွားတဲ့ Duna အား လူတိုင်းက ဝိုင်းပြီး ဂုဏ်ပြုနေကြတာကို Minho က နောက်ကနေ ကြည့်နေခဲ့ပါတယ်။ Minho က Duna ဟာ သူ့အောက်နိမ့်ကျတယ်လို့ အမြဲတမ်း ယူဆထားခဲ့တာပါ။ အခုတော့ မနာလိုစိတ်နဲ့ ရှုံးနိမ့်တဲ့ခံစားချက်တွေ ရောထွေးပြီး သူကျောင်းခေါင်မိုးပေါ်တက်ကာ စိတ်ရှိလက်ရှိ ငိုကြွေးခဲ့ပါတယ်…
အဲ့ဒီနေ့မှာပဲ Cha Wookyung က Minho နောက်ကို တိတ်တိတ်လေး လိုက်ခဲ့ပြီး သူငိုနေတာကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ပါတယ်။ Minho ရဲ့ ထိန်းမနိုင်သိမ်းမရတဲ့ ခံစားချက်တွေကို မြင်တွေ့လိုက်ရတဲ့အချိန်ကစပြီး Wookyung ဟာ Minho ကို သူ့အပိုင်ဖြစ်အောင် သိမ်းပိုက်ဖို့ စိတ်ကူးယဉ်ခဲ့ပါတယ်တဲ့
၇ နှစ်ကြာ စောင့်ဆိုင်းခဲ့ပြီးနောက် အခု Wookyung ရဲ့ သိမ်းပိုက်မှုက စတင်ခဲ့ပါတော့တယ်
