ဇာတ်လမ်းအကျဉ်း
တစ်နေ့မှာ Heinsworth ရဲ့ လက်နက်ကြီးတပ်ကို တာဝန်ယူထားတဲ့ Dante Bailey ဟာ တန်ဖိုးထားပြီး ကြီးပြင်းလာခဲ့တဲ့ ကောင်လေးတစ်ယောက် ကြမ်းတမ်းတဲ့ လေ့ကျင့်မှုတွေကို ခံနိုင်ရည်ရှိပါ့မလားလို တွေးပူနေခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ တစ်လွဲစီဖြစ်နေတဲ့ Raphael Haynes Woz ရဲ့ စိတ်အားထက်သန်ပြီး ဖြူစင်တဲ့ ပုံစံလေးတွေကတစ်ဆင့် သူ့ကို အရမ်းချစ်မိနေတာကို Dante ကိုယ်တိုင် သတိထားမိလာပါတယ်…
အဲ့ဒီနောက် မမျှော်လင့်ဘဲ Dante ဟာ သူ့ရဲ့ လက်အောက်ငယ်သားတွေကို လိင်ပညာပေးဗဟုသုတတွေ သင်ကြားပေးခဲ့ပါတယ်။
“ဘာလိုလဲ? မင်းက ငါ့ကို ဘာလိုလဲ?”
“ခေါင်းဆောင်အပေါ်ထားတဲ့ ခံစားချက်က ကျွန်တော့်အတွက် မထိုက်တန်ပါဘူး…”
လိင်ပညာပေးဆိုတဲ့ ခေါင်းစဉ်အောက်က တစ်ညတာ ဆုံစည်းမှုအပြီးမှာ Raphael က Dante ကို သူ့ရဲ့ ခံစားချက်တွေကို ဖွင့်ပြောခဲ့ပါတယ်။
“Hainsworth၊ ကျွန်တော်က လက်အောက်ငယ်သားနဲ့ ချစ်ကြိုက်လေ့မရှိဘူး”
လို Dante က ပြောတော့
“ခင်ဗျားကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေရပါဘူး။ ကျွန်တော့်ကို ချစ်အောင်သာ လုပ်ပေးပါ”
လို Raphael က တောင်းဆိုခဲ့ပါတယ်။ Dante က Raphael ကို အမြဲတမ်း ငြင်းဆန်ခဲ့ပေမဲ့ နိုးလာတဲ့အခါ Raphael နဲ့ အချိန်ကုန်နေတာကို သူကိုယ်တိုင် သတိမထားမိဘဲ ဖြစ်နေပါတော့တယ်။
Raphael ဟာ Dante ကို တိုက်ခိုက်ရာမှာ အောင်မြင်ပါ့မလား?
