ဇာတ်လမ်းအကျဉ်း
Chen Wan ဟာ သူတစ်ပါးအပေါ်မှာ အလိုက်သိလွန်းသူ၊ ပြီးပြည့်စုံလွန်းသူတစ်ယောက် သူဟာ လူချမ်းသာအသိုင်းအဝိုင်းကြားမှာ ရေလို၊ လေလို တစ်သားတည်းကျအောင် နေထိုင်တတ်ပေမဲ့ သူ့ရဲ့ တကယ့်ရည်ရွယ်ချက်ကတော့ တစ်ဦးတည်းသောသူ Zhao Shengge ရဲ့ ဘဝကို အဆင်ပြေချောမွေ့အောင် အရိပ်တကြည့်ကြည့်နဲ့ ကူညီပေးတဲ့သူတစ်ယောက်ဖြစ်ဖို့ပဲ။ သူဟာ အသိအမှတ်ပြုခံရဖို့ မမျှော်လင့်သလို၊ Zhao ရဲ့ အနားကိုလည်း တိုးကပ်ဖို့ မကြိုးစားဘဲ ဝေးဝေးကနေပဲ တိတ်တခိုးချစ်နေသူ “သူ့ဘဝလေး နည်းနည်း ပိုပျော်ဖို့ဆိုရင် ကျွန်တော်ကတော့ အမြဲတမ်း သူစိမ်းတစ်ယောက် ဖြစ်နေပေးဖို့ အဆင်သင့်ပဲ” ဆိုတဲ့ ချန်ဝမ်ရဲ့ ရူးသွပ်တဲ့ အချစ်ခံယူချက်
ဒါပေမဲ့ အပျော်စီးသင်္ဘောပေါ်က အမှောင်ထုထဲမှာ Zhao Shengge က ဆေးလိပ်တစ်လိပ်ကို နှုတ်ခမ်းမှာ ကိုက်ထားရင်း ခပ်အေးအေးပဲ ပြောလိုက်တယ် – “Chen Wan… ငါ့မှာ မီးခြစ်မပါလာဘူး။” အဲ့ဒီစကားတစ်ခွန်းက Chen Wan ရဲ့ လုံခြုံလှပါတယ်ဆိုတဲ့ စည်းဝိုင်းကို ရိုက်ချိုးလိုက်သလိုပါပဲ။ တကယ်တော့ Chen Wan က ဝေးဝေးကနေ လိုက်ကြည့်နေတယ်လို့ ထင်နေရပေမဲ့၊ Zhao Shengge ကတော့ ဒီ “အကွာအဝေး” ကို သူကိုယ်တိုင်ပဲ သတ်မှတ်ပေးထားပြီး Chen Wan တစ်ယောက် သူ့ရဲ့ ထောင်ချောက်ထဲ တိုးဝင်လာမယ့်အချိန်ကို အသာလေး စောင့်နေခဲ့တာပါပဲ
“မင်းက ငါနဲ့ဝေးဝေးမှာ နေနေတယ်လို့ ထင်နေတာလား? မဟုတ်ဘူး… မင်း ခြေလှမ်းတိုင်းက ငါ့ဆီကိုပဲ ဦးတည်နေတာ”
