ဇာတ်လမ်းအကျဉ်း
“ကစားကြရအောင်…”
Seo Woo-yeon တစ်ယောက် သူ့ကို အရမ်းစိတ်အနှောင့်အယှက်ဖြစ်စေတဲ့ မွေးစားညီလေး Woo-jin နဲ့ ဝေးရာမှာ သာမန်တက္ကသိုလ်ကျောင်းသားဘဝလေးကို ဖြတ်သန်းချင်ခဲ့တာပါ။ ဒါပေမဲ့ စိတ်ပျက်စရာကောင်းတာက Woo-jin က သူ့ကျောင်းကို ဝင်ခွင့်ရရုံတင်မကဘဲ၊ သူ့လိုပဲ မေဂျာတူ၊ အတန်းတူပါ ဖြစ်လာတာပါပဲ! Woo-yeon က သူ့ညီ ဘယ်လောက်တောင် ဆိုးတဲ့သူလဲဆိုတာကို ကမ္ဘာကြီးကို ပြဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမဲ့…သူ့မှတ်ဉာဏ်တွေက ဒီရက်ပိုင်း အရမ်းဝေဝါးနေပြီး အဲ့ဒါတွေအပြင် Woo-jin ကလည်း ပုံမှန်ထက် ပိုပြီး မာနကြီးနေပုံရတယ်။ Woo-yeon မမှတ်မိတဲ့အချိန်တွေမှာ ဘာတွေဖြစ်နေတာလဲ၊ ပြီးတော့ Woo-jin က အဲ့ဒီကိစ္စတွေနဲ့ ဘာတွေပတ်သက်နေလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ဖတ်ရှုရမှာပါ…
“ကစားချိန် ပြီးပြီ…”
