ဇာတ်လမ်းအကျဉ်း
စီးပွားရေးကျောင်းသားလေး Ma Dongjae ဟာ ဘယ်လိုမှ ချစ်လို့မရတဲ့ ယောက်ျားလေးတွေနဲ့ပဲ ခဏခဏတွေ့နေရတော့ သူ့ရဲ့အချစ်ရေးက ဘယ်လောက်ကံဆိုးလဲဆိုတာ ခန့်မှန်းကြည့်လို့ရပါတယ်။ သူတကယ်လိုချင်တာက စစ်မှန်တဲ့အချစ်ရေးလေးတစ်ခုပါပဲ… ဒါပေမဲ့ သူ့ရဲ့ ရွေးချယ်မှုအမှားတွေက အမြဲတမ်း အဟန့်အတားဖြစ်နေတာပေါ့။
နောက်ဆုံးတော့ Dongjae ကို တစ်ယောက်ယောက်က ချစ်ရေးဆိုလာခဲ့ပါတယ်။ သူဘယ်လောက်ပဲ ဆွဲဆောင်မှုရှိပါစေ၊ Dongjae က ငြင်းရမှာပေါ့…အဲဒါနဲ့တင် ပြီးသွားသင့်တာပါ။ ဒါပေမဲ့ ကံကြမ္မာက Dongjae ကို ဒုက္ခပေးရတာ ကြိုက်ပုံရပါတယ်။ သူတို့နှစ်ယောက်က အတူတူအတန်းတူရုံမကဘဲ project တစ်ခုတည်းမှာ အတူလုပ်ဖို့ပါ ဖြစ်လာပါရော..
ဒါပေမဲ့ ကိုယ့်ကိုကိုယ် မိတ်ဆက်တဲ့အခါမှာ အေးတိအေးစက်နဲ့လူက Dongjae အရင်တွေ့ခဲ့တဲ့ ထူးဆန်းတဲ့လူနဲ့ လုံးဝမတူပါဘူး။ တစ်ခါတစ်လေ ပူလိုက်၊ တစ်ခါတစ်လေ အေးလိုက်နဲ့ သူတို့စကားပြောဖူးတာကိုတောင် မေ့နေပုံရပါတယ်…
