ဇာတ်လမ်းအကျဉ်း
မင်းငါ့ဆီကနေ ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်ဘူး…
ရူးသွပ်တဲ့ စွဲလမ်းမှုတွေနဲ့ ဧကရာဇ်ကို လက်မခံနိုင်တဲ့အတွက် သူ အဆုံးစီရင်ခဲ့တယ်။ ဒါပေမဲ့ နှစ်ပေါင်းတစ်ရာကျော်ကြာပြီးနောက်မှာတော့ ကံကြမ္မာရဲ့ လှောင်ပြောင်မှုတစ်ခုလိုပဲ သူ အတိတ်ဘဝက အမှတ်ရစရာတွေ အကုန်မှတ်မိပြီး ပြန်လည်မွေးဖွားလာခဲ့တယ်။
ဧကရာဇ်နဲ့ ဘယ်တော့မှ ပြန်မတွေ့တော့ဖို့၊ သူ့မှတ်ဉာဏ်ထဲကနေ ဧကရာဇ်ကို ဖျောက်ဖျက်ပစ်ချင်ခဲ့ပေမဲ့… သူ သေပြီးနောက်မှာတောင် ဧကရာဇ်ဆီကနေ လွတ်မြောက်လို့မရခဲ့ဘူးလား။ ဘယ်လိုပဲ ကြိုးစားရှောင်ရှားပါစေ ဧကရာဇ်ရဲ့ ပြန်လည်မွေးဖွားလာတဲ့ ပုံစံနဲ့ သူ ထိပ်တိုက်ရင်ဆိုင်ရပြန်တယ်…
