ဇာတ်လမ်းအညွှန်း
“ကျွန်တော် Omega တွေကို မကြိုက်ဘူး”
ခေါင်းဆောင် Alpha တစ်ဦးအဖြစ် သတ်မှတ်ခံရပြီးနောက် Taegyeom ဟာ မတော်တဆ Omega တစ်ယောက်ကို heat ဖြစ်စေခဲ့ပါတယ်။ အဲ့ဒီကတည်းက သူဟာ Omega တွေကို ရှောင်ရှားပြီး ငယ်သူငယ်ချင်း Yoonwoo ကိုပဲ မှီခိုနေခဲ့တာပါ။
ဒီလိုအခြေအနေတွေကြားထဲမှာပဲ Yoonwoo ဟာ ရုတ်တရက် Omega တစ်ယောက်အဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။ Taegyeom ကို ငါးနှစ်ကြာ ရှောင်နေခဲ့ပြီးနောက် သူတို့နှစ်ဦးဟာ သူ့ကျောင်းရှေ့က ဘားတစ်ခုမှာ မတော်တဆ ပြန်ဆုံမိကြပါတယ်။
“ငါတို့က သူငယ်ချင်းတွေရော ဟုတ်ရဲ့လား?”
Taegyeom ရဲ့ စကားကြောင့် Yoonwoo ဟာ သူ့ရဲ့ကောလိပ်ဘဝကို Taegyeom နဲ့အတူ ခက်ခက်ခဲခဲကုန်ဆုံးရပါတော့တယ်
