ဇာတ်လမ်းအညွှန်း
၁၉၂၀ ပြည့်နှစ်၊ ကိုလိုနီခေတ်ဦး Gyeongseong မြို့မှာပေါ့။ ဒေသခံကျောင်းတစ်ကျောင်းရဲ့ မီးပုံးပွဲတော်မှာ ဂျပန်လူငယ်လေးတစ်ယောက် သေဆုံးနေတာကို တွေ့ရှိတဲ့အခါ Kim Mugyeong ဘက်ကို လက်ညှိုးတွေ စထိုးကြပါတော့တယ်။ ဖိအားတွေ တိုးလာပေမဲ့ Mugyeong ကတော့ ဘာမှပြောဖို့ ငြင်းဆန်နေတာကြောင့် အရာရှိတွေဟာ တခြားနေရာတွေမှာ သတင်းအချက်အလက်တွေ ရှာဖွေဖို့ ဖြစ်လာပါတယ်။
ဒီကောင်လေးနှစ်ယောက် ဘယ်လိုလျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားခဲ့ကြတာလဲ…ဘာလို့ Mugyeong က စကားပြောဖို့ ငြင်းနေရတာလဲ…
လူမှုရေးနဲ့ နိုင်ငံရေး မငြိမ်မသက်မှုတွေကြားထဲမှာ လူငယ်တွေဟာ ဘဝကို ရုန်းကန်နေကြရပါတယ်။ အခက်အခဲကြားက ပွင့်လန်းတဲ့ ပန်းတွေရှိတယ်လို့ ပြောကြပေမဲ့ မပွင့်လန်းဘဲ ကြွေလွင့်ရမယ့် ပန်းတွေလည်း ရှိနေနိုင်ပါတယ်။
