Jae-shinဟာ လူသားတွေရဲ့ အချက်အလက်တွေကို ဝင်မွှေလိုက်မိတဲ့အတွက်ကြောင့် ရာဇ၀တ်သားဖြစ်လာပြီး မြေအောက်ကမ္ဘာမှ နှင်ထုတ်ခြင်း ခံလိုက်ရတော့တယ်။ သူ့ မြေအောက်လောကကို ပြန်သွားနိုင်မယ့်တစ်ခုတည်းသော နည်းလမ်းကတော့ လူသားတစ်ယောက်ရဲ့ နှလုံးသား (အချစ်) ကိုရရှိနိုင်ဖို့ပါပဲ ။ ဒါပေမယ့် လူသားတွေကို အထင်သေးတဲ့ Jae-shin အတွက်ကတော့ ဒီကိစ္စကြီးကိုလုပ်ဖို့ရာ စိတ်ပျက်လက်ပျက် ဖြစ်နေတာပေါ့…
ဒါ့အပြင် လူ့လောကမှာ နေ့ဘက်တွင်ခွေးအဖြစ်နဲ့ပဲနေရပြီး ညဘက်မှာသာ သူ့ခန္ဓာကိုယ်ကို အသုံးပြုနိုင်တာကြောင့် ခွေးပေါက်လေးတစ်ကောင်အနေနဲ့ သူ့ဘဝဟာပိုလို့ခက်ခဲပါတယ်။ တစ်နေ့မှာတော့ သူဟာ အိမ်ရှေ့စံ Nok ရဲ့ ရှေ့မှောက်တွင် ခွေးပေါက် လေးအဖြစ် ပေါ်လာခဲ့ပြီး အိမ်ရှေ့စံလေးဟာ သူ့ကို နန်းဆောင်ထဲ ခေါ်သွားချိန်မှာတော့…