ဇာတ်လမ်းအကျဉ်း
Martin Sheffield ဆိုတဲ့ ဝံပုလွေလူသားတစ်ယောက်ရှိပါတယ်။ သူက London မှာ ရှေးဟောင်းပစ္စည်းဆိုင်လေး ဖွင့်ထားပြီး သူ့မိသားစုဆီကနေ အခြေအနေတစ်ခုကြောင့် ပုန်းအောင်းနေတာပါ။ တစ်နေ့တော့ သူ အရမ်းအထီးကျန်လာတဲ့အခါ ညအိပ်ဖော်ရှာဖို့ သွားနေကျ gay bar တစ်ခုကို ရောက်သွားတယ်။ အဲဒီမှာ မျက်လုံးလေးတွေ အရောင်လက်နေတဲ့ ဆံပင်ရွှေရောင်နဲ့ လှပတဲ့ လူငယ်လေး Daniel Sinclair နဲ့ ဆုံဖြစ်သွားခဲ့တယ်..
Martin က Daniel Sinclair က ရုပ်ချောတော့ စရိုက်လည်းမိုက်မယ်ဆိုတဲ့ အထင်နဲ့ပဲ ညအိပ်ဖော်အဖြစ် မြှူဆွယ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်နေ့မနက်မှာပဲ သူ Daniel မသိအောင် ဟိုတယ်ကနေ ခိုးထွက်ခဲ့တယ်။ အဲဒီနေ့မှာပဲ သူ Honbi Baeksan နဲ့အတူ သူ့ဆိုင်ကို ရောက်လာတဲ့ Daniel Sinclair ကို တွေ့လိုက်ရတယ်။ ဒါတင်မကသေးဘူး၊ နိုင်ငံတော်ရဲ့ နတ်ဝင်သည်အေဂျင်စီတစ်ခုမှာ အလုပ်လုပ်တဲ့ Daniel Sinclair က Martin ကို ဗန်ပိုင်းယားတွေကို သတ်နိုင်တဲ့ လက်နက်တစ်ခု ရှာခိုင်းပါတော့တယ်…
ဇာတ်လမ်းလေးက Supernatural ကိုမှ Mpreg type မျိုးပါ သွေးစုတ်ဖုတ်ကောင်နဲ့ werewolf မျိုးနွယ်ဝင် နှစ်ယောက်ကြားကအချစ်ဇာတ်လမ်းလေးပါ ကလေးရတာနည်းပါတယ်လေးယောက်ပါ ရိုးရိုးအချစ်ဇာတ်လမ်းတွေဖတ်ရတာရိုးနေရင် ဒီလိုဇာတ်လမ်းလေးတွေဖတ်ကြည့်နော်
