ဇာတ်လမ်းအကျဉ်း
Zhang Chenfei နဲ့ Jiao Qi တို့ဟာ အိမ်ထောင်သက် (၇) နှစ်ရှိပြီဖြစ်တဲ့ သူဌေးကြီး နှစ်ယောက်ဖြစ်ပြီး အပြင်ပန်းကြည့်ရင် အေးတိအေးစက်ဖြစ်ပေမဲ့ ကားအက်စီးဒင့် တစ်ခုအပြီးမှာတော့ Zhang Chenfei ရဲ့ ဦးနှောက်က ထိခိုက်သွားပြီး သူဖတ်ဖူးသမျှ Fic တွေထဲက “ဗိုလ်ကျ ခြယ်လှယ်တဲ့ အထက်ပုဂ္ဂိုလ်” ဇာတ်ရုပ်တွေ တစ်ခုပြီးတစ်ခု ဝင်ပူးပါတော့တယ်။
တစ်နေ့မှာ မာဖီးယားဂိုဏ်းချုပ်၊ နောက်တစ်နေ့မှာ သွေးစုပ်ဖုတ်ကောင်၊ နောက်တစ်နေ့မှာတော့ Dominant Alpha! သူ့ဇာတ်ညွှန်းတွေက တစ်ခုထက်တစ်ခု ပိုဆန်းကြယ်လာတဲ့အခါမှာတော့… ဇနီးသည် Jiao Qi တစ်ယောက် သူ့ယောကျ်ား စိတ်ကျေနပ်အောင် အသည်းအသန် လိုက်ပြီး သရုပ်ဆောင်ပေးရပါတော့တယ်။
မင်းသားZhang Chenfeiက ဒီလိုတွေ ဇာတ်ရုပ်တွေတစ်ခုပြီးတစ်ခု “ဝင်ပူး” နေပေမဲ့ တကယ်တမ်းမှာ သူက Jiao Qi ကို အရမ်းချစ်တာကြောင့် “ဘယ်လို ဇာတ်ရုပ်တွေပဲ ဝင်ပူးနေပါစေ… သူ့ရဲ့ကမ္ဘာငယ်လေးကတော့ Jiao Qi ပဲ” ဖြစ်နေတာက ဒီဇာတ်လမ်းရဲ့ အနှစ်ပါပဲ
ဒီဇာတ်လမ်းက “Mr. Dior” ဆိုတဲ့ နာမည်နဲ့အညီ မီလျံနာ သူဌေးကြီးတစ်ယောက်ရဲ့ ရယ်စရာကောင်းတဲ့ ဇာတ်ညွှန်းပေါင်းစုံကို မြင်တွေ့ရမှာပါ။ Stress တွေများနေလို့ ပေါ့ပေါ့ပါးပါးနဲ့ ရင်ခုန်စရာ ဇာတ်လမ်းရှာနေရင် ဒီဇာတ်လမ်းလေးကို ရွေးချယ်ပြီးဖတ်လိုက်တော့နော်
