Dark?

Mind the Gap Color
Bookmark
Followed by 4 people
7.0
Status Ongoing
Type Manhwa
Released 2025
Author Flona
Artist Zo.killmer
Serialization Ridibooks (Ridibooks)
Posted By
Posted On
Updated On

Mind the Gap

마인드 더 갭

Synopsis Mind the Gap

ဇာတ်လမ်းအကျဉ်း

Alex ဆိုတာ ငွေဇွန်းတပ်ပြီး မွေးလာတဲ့ Alpha တစ်ယောက် ဒါပေမဲ့ အထက်တန်းလွှာ Alpha တစ်ယောက် ဖြစ်လာဖို့ ဖိအားတွေကြားမှာ သူ ကြီးပြင်းခဲ့ရတာက အထီးကျန်ခြင်းတွေနဲ့ပါ။ ဒီလို အေးစက်တဲ့ ကမ္ဘာထဲမှာ သူ့ကို ‘Alpha’ ဆိုတဲ့ ဂုဏ်ပုဒ်ကြောင့်မဟုတ်ဘဲ လူသားတစ်ယောက်လို နွေးနွေးထွေးထွေး ဆက်ဆံခဲ့တာက Nathan တစ်ယောက်ပဲ ရှိခဲ့တယ်။

သူ့ဘဝရဲ့ တစ်ဦးတည်းသော အလင်းရောင်ဖြစ်တဲ့ Nathan ကို အန္တရာယ်တွေကြားက ကာကွယ်ဖို့အတွက် Alex ရွေးချယ်ခဲ့တဲ့ နည်းလမ်းကတော့… ရက်ရက်စက်စက် အဝေးကို မောင်းထုတ်လိုက်ဖို့ပါပဲ

(၉) နှစ်ကြာပြီးနောက်…

ကံကြမ္မာက သူတို့ကို ပြန်လည်ဆုံစည်းပေးခဲ့တယ်။ Alex တာဝန်ယူရတဲ့ အမှုတစ်ခုရဲ့ သက်သေအဖြစ် Nathan ပြန်ရောက်လာတဲ့အခါ Alex ရဲ့ ရင်ထဲမှာ နောင်တတွေနဲ့အတူ တောင်းပန်ချင်စိတ်တွေ ပြည့်နှက်နေခဲ့တယ်။ ဒါပေမဲ့ Nathan ကတော့ အရင်လို မဟုတ်တော့ဘူး။ သူတို့ကြားမှာ ကျော်ဖြတ်လို့မရတဲ့ စည်းအထပ်ထပ်ကို ခံထားပြီး Alex ကို သူစိမ်းတစ်ယောက်လို အေးစက်စွာ တုန့်ပြန်ခဲ့တယ်။

ဒါပေမဲ့… အလှည့်အပြောင်းတစ်ခုက သူတို့ကို ထပ်မံ ကျီစယ်လိုက်ပြန်တယ်။

Alex သောက်သုံးနေတဲ့ ဟော်မုန်းထိန်းဆေးတွေက ဘေးထွက်ဆိုးကျိုးပြပြီး သူ့ရဲ့ ခန္ဓာကိုယ်ဟာ ထိန်းချုပ်မရအောင် ဖရိုဖရဲ ဖြစ်လာခဲ့တယ်။ ဒီလျှို့ဝှက်ချက်ကို Nathan သိသွားတဲ့အခါ… အမုန်းတွေကြားကနေပဲ Nathan က ကူညီဖို့ ဆုံးဖြတ်ခဲ့တယ်။

အချစ်ကြောင့်မဟုတ်ဘဲ “လိုအပ်ချက်” ကြောင့် စတင်ခဲ့ရတဲ့ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေး…။
နီးကပ်လာတဲ့ ခန္ဓာကိုယ်တွေနဲ့အတူ တမြေ့မြေ့ ပြန်လည်တောက်လောင်လာတဲ့ အတိတ်က ခံစားချက်ဟောင်းတွေ…။

“ငါ မင်းကို ထပ်ပြီး လက်လွှတ်ရမှာ ကြောက်တယ် Nathan…”

စည်းဝိုင်းတွေ ခြားထားပေမဲ့ ယိမ်းယိုင်နေဆဲဖြစ်တဲ့ နှလုံးသားနှစ်ခုရဲ့ကြားမှာ သူတို့ ဘယ်လို ရှေ့ဆက်ကြမလဲ? အတိတ်က ဒဏ်ရာတွေကို ကုစားနိုင်မလား၊ ဒါမှမဟုတ် ပိုပြီး နက်ရှိုင်းတဲ့ နာကျင်မှုတွေပဲ ဖြစ်လာမလား?

Warning, the series titled "Mind the Gap" may contain violence, blood or sexual content that is not appropriate for minors.
Home
Account
ခြင်း
Search