ဇာတ်လမ်းအညွှန်း
ဒီဇာတ်လမ်းလေးကတော့ ဘဝရဲ့ခက်ခဲကြမ်းတမ်းမှုများ ၊ စိတ်ပိုင်းဆိုင်ရာဒဏ်ရာများနဲ့ လူတန်းစားခွဲခြားခြင်းတို့ကို အခြေခံထားပါတယ်။ Lee Sehwa ဟာ အကြွေးနွံထဲ နစ်နေသူတစ်ဦးဖြစ်ပြီး မူးယစ်ဆေးဝါးဖြန့်ချီကာ အကြွေးဆပ်ဖို့ကြိုးစားရင်း ဘဝကို ပင်ပန်းဆင်းရဲစွာရုန်းကန်နေရသူပါ။ ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ် သူ့ကိုလူတွေဟာ ကဲ့ရဲ့ နောက်ပြောင်လျက်ရှိပါတယ် ။ သူကတော့ ထိုလူတွေနဲ့ ထိပ်တိုက်မတွေ့ရန်သာ ရှောင်ရပြီး သူများမျက်နှာကြည့်ပြီး နေရပါတယ် ။ ဒီလိုလူတစ်ယောက်ရဲ့အိမ်မက်က သာမန်ဘဝလေးနဲ့အေးအေးချမ်းချမ်းနေပြီး ကျောင်းတက်ချင်တာပါတဲ့…
ဒါပေမယ့် တစ်နေ့မှာတော့ စစ်တပ်မှ အကောင်ကြီးဖြစ်တဲ့ Gi Taejung ဆိုတဲ့လူတစ်ယောက်ရောက်လာတဲ့အချိန်မှာ ဇာတ်လမ်းကစပါတော့တယ် ။ Taejung တစ်ယောက် အစကတော့ Sehwa ကို စစ်ဆင်ရေး တစ်ခုအတွက် အသုံးချဖို့ ရည်ရွယ်ခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ Sehwa အပေါ် ချစ်မိသွားသောအခါမှာတော့…
Lee Sehwa ကရော သူ့စိတ်ဒဏ်ရာတွေနဲ့ ပြန်ချစ်နိုင်ပါ့မလား