ဇာတ်လမ်းအကျဉ်း
လူသတ်မှုစုံစမ်းစစ်ဆေးရေးဌာနရဲ့ ထူးချွန်ထက်မြက်တဲ့ စုံထောက်တစ်ဦးဖြစ်သူ Kim Yi-eum ဟာ အမှုတစ်ခုကို လိုက်လံစုံစမ်းရင်း တောင်ပေါ်လမ်းတစ်ခုမှာ လဲကျနေတဲ့ အမည်မသိ အမျိုးသားတစ်ယောက်ကို ကယ်တင်ခဲ့မိပြီး အဲ့ဒီအမျိုးသားဟာ သန်မာထွားကျိုင်းတဲ့ Alpha တစ်ဦးဖြစ်ပေမဲ့၊ မှတ်ဉာဏ်ပျောက်ဆုံးနေတဲ့အတွက် သူ့ကိုယ်သူ ကလေးတစ်ယောက်လို့ပဲ လက်ခံယုံကြည်နေတယ်၊ ဘယ်သူမှန်းမသိ၊ ဘယ်ကလာမှန်းမသိတဲ့ ဒီလူကိုYi-eumဟာ သူ့ရဲ့အိမ်မှာ ခေတ္တခေါ်ယူစောင့်ရှောက်ရင်း “အန္တရာယ်ရှိတဲ့ အတူနေထိုင်ခြင်း” ကို စတင်ခဲ့ပါတော့တယ်။
ကလေးတစ်ယောက်လို ဖြူစင်ပြနေတဲ့ ဒီ Alpha ကြီးဟာ တကယ်ပဲ မှတ်ဉာဏ်ပျောက်နေတာလား? ဒါမှမဟုတ် Yi-eum လိုက်နေတဲ့ လူသတ်မှုရဲ့ တရားခံပဲလား? Yi-eumရဲ့ Omega ဗီဇက ဒီအမျိုးသားရဲ့ ပြင်းထန်လှတဲ့ Pheromones တွေကြားမှာ ဘယ်လောက်အထိ တောင့်ခံနိုင်မှာလဲ?
Yi-eum အိပ်ပျော်နေချိန်မှာ ကလေးတစ်ယောက်လို ဟန်ဆောင်နေတဲ့ Alpha ရဲ့ မျက်နှာက ချက်ချင်းပြောင်းလဲသွားပြီး သူ့ကို စိုက်ကြည့်နေတဲ့ အကြည့်တွေကစကားပြောလာတဲ့အခါ ဘာတွေဆက်ဖစ်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစေမှာအမှန်ပါပဲ
