ဇာတ်လမ်းအကျဉ်း
Ji Sheng ဟာ အရိုးခံလွန်းတဲ့ မြေခွေးဝိညာဉ်လေးတစ်ဦးဖြစ်ပြီး သူဟာ သူ့ဘဝမှာ အရေးကြီးဆုံးလူကို မေ့လျော့နေလို့ အဲ့ဒီမှတ်ဉာဏ်တွေကို ပြန်ရဖို့အတွက် ကမ္ဘာအသီးသီးကို ကူးပြောင်းပြီး “ဗီလိန်မယား” အဖြစ် ဟန်ဆောင်နေရတယ်။ သူ့ရဲ့ ရည်မှန်းချက်ကတော့ ကမ္ဘာတိုင်းရဲ့ Male Lead ကို ပြုစုပျိုးထောင်ရင်း မှတ်ဉာဏ်အပိုင်းအစတွေကို စုဆောင်းဖို့ပဲ
ဒါပေမဲ့ ပြဿနာက… သူတွေ့ရတဲ့ Male Lead တိုင်းဟာ အပြင်ပန်းမှာတော့ အပြစ်ကင်းစင်ပုံပေါက်ပေမဲ့ အတွင်းစိတ်မှာတော့ အင်မတန်ဉာဏ်များပြီး ရက်စက်ကြလို့ Ji Shengခမျာ ကမ္ဘာတိုင်းမှာ Male Lead ရဲ့ လက်ချက်နဲ့ အသတ်ခံရပြီး mission ကျရှုံးနေခဲ့ရတယ်။
နောက်ဆုံးတော့ Ji Sheng သဘောပေါက်လာတာက… ဒီလူလည် Male Leadဟာ ဇာတ်ညွှန်းအတိုင်း လုံးဝကစားမယ့်သူ မဟုတ်ဘူးဆိုတာပါပဲ!Ji Shengက သူ့ကို လှည့်စားဖို့ ကြိုးစားတိုင်း၊ Male Lead က ရှေ့တစ်လှမ်းကြိုပြီး Ji Shengကို အပိုင်ဖမ်းဖို့ ကျော့ကွင်းဆင်ထားပြီးသားဖြစ်နေတာပါပဲ
“ဘာလို့ ကမ္ဘာတိုင်းမှာ ဒီလူကြီးက ငါ့ကိုပဲ ဒုက္ခပေးနေရတာလဲ!” လို့ Ji Sheng အော်ဟစ်နေချိန်မှာပဲ… Male Lead က သူ့ကို ရင်ခွင်ထဲ ဆွဲသွင်းပြီး တိုးတိုးလေး ပြောလိုက်တယ် –
“မင်း ငါ့ကို မမှတ်မိမချင်း… ငါ မင်းကို ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်ဘူး”
