ဇာတ်လမ်းအညွှန်း
Jeongwonက အကျဉ်းဦးစီးအရာရှိဆိုပေမဲ့ သူ တကယ်ကြောက်နေတာက ရာဇဝတ်သားတွေ မဟုတ်ခဲ့ပါဘူး။ သူ အကြောက်ဆုံးက သူ့နဲ့သွေးတစ်ဝက်စပ်တဲ့ Yejun ကို သူတိတ်တိတ်လေးချစ်နေတဲ့အကြောင်း တစ်စုံတစ်ယောက်က သိသွားမှာကိုပါ။ ဒါပေမဲ့ ကွန်ကရစ်နံရံတွေကာထားတဲ့ အကျဉ်းခန်းထဲမှာ သူတို့နှစ်ယောက် ထိပ်တိုက်တွေ့တဲ့အခါ ဂျောင်ဝမ်အနေနဲ့ ဘယ်လိုမှ ထပ်ပြီး ဖုံးကွယ်ထားနိုင်တော့မှာ မဟုတ်တော့ပါဘူး။ သူ့အတိတ်ကို ရင်ဆိုင်ဖို့ အတင်းအကျပ် ဖိအားပေးခံရတဲ့အချိန်မှာရော ဂျောင်ဝမ်ဟာ သူ့ရဲ့ နောင်တတွေနဲ့ ထာဝရပိတ် လှောင်ထားခံရတော့မလား…ဒါမှမဟုတ် သူကိုယ်တိုင် ဖန်တီးမိခဲ့တဲ့ ထောင်ကနေ နောက်ဆုံးတော့ လွတ်မြောက်နိုင်သွားမလား…
