ဇာတ်လမ်းအညွှန်း
မြင့်မြတ်တဲ့ မှူးမတ်မျိုးနွယ်တစ်ဦးအဖြစ် ဂုဏ်ယူနေတဲ့ Arokဟာ မထင်မှတ်ဘဲ တွေ့ဆုံခဲ့ရတဲ့ Klopကို ပထမဆုံးအကြိမ် မြင်မြင်ခြင်း ချစ်မိသွားခဲ့တယ်။ Arokဟာ ရာထူး၊ စည်းစိမ်ဥစ္စာ ကွာခြားမှုတွေ နဲ့ Alpha အချင်းချင်းဆိုတဲ့ နံရံကြီးတွေကြားကနေ မရရအောင် ချဉ်းကပ်ခဲ့ပေမဲ့ Klopကတော့ သူ့ကို လျစ်လျူရှုပြီး တခြား Omega တစ်ဦးနဲ့ လက်ထပ်လိုက်တော့တယ်။
နောက်ဆုံးမှာတော့ Arokဟာ မနာလိုဖြစ်ပြီး ဘာမှမမြင်နိုင်တော့ပဲ ကြောက်မက်ဖွယ်ကောင်းတဲ့ အပြစ်တစ်ခုကို ကျူးလွန်လိုက်တော့တယ်။ အမှန်တရားကို သိရှိပြီးနောက်မှာတော့ Klop ကရက်စက်တဲ့နည်းလမ်းတွေနဲ့ လက်စားချေခဲ့တယ် ။ဒါကို Arok ကလည်း ပြန်လည်တိုက်ခိုက်ပြီးခုခံပေမဲ့ သူ့အပြစ်ရဲ့အဖိုးအခတွေကိုတော့ ဖြည်းဖြည်းချင်း ခံစားနေခဲ့ရပါတယ်။
“မင်းလုပ်ရပ်တွေက အချစ် မဟုတ်ဘူး။”
“ဒါက အချစ်မဟုတ်ရင် ဒီခံစားချက်တွေကိုဘယ်လို ခေါ်ရမလဲဆိုတာ ငါမသိဘူး”
အရာအားလုံးကို ပြောင်းလဲဖို့ အခွင့်အရေးသာ ရခဲ့မယ်ဆိုရင် သူတို့နှစ်ဦးကြားက ဆက်ဆံရေးကရော ကွဲပြားသွားနိုင်မလား
