ကူးပြောင်းကာလပုံစံကိုကြိုက်နှစ်တဲ့သူတွေအတွက် ရွှေလိုပဲ အဖိုးတန်တဲ့ဇာတ်လမ်းဖြစ်တာမလို့ လက်မလွှတ်တမ်းဖတ်ကိုဖတ်သင့်တဲ့ဇာတ်လမ်းလေးပါ ထိုင်းနိုင်ငံရဲံနာမည်ကြီးArtistရဲ့ ဇာတ်လမ်းဖြစ်ပြီး ပြည်တွင်းမှာအတော်လေးနာမည်ကြီးနေတဲ့ဇာတ်လမ်းဖြစ်တာမို့ ထိုင်းဘာသာမှတိုက်ရိုက်မြန်မာဘာသာပြန်ဖတ်ရတာနဲ့တင် အများကြီးဖတ်ရကျိုးနပ်နေပီနော် ဇာတ်လမ်းကလည်း ထိုင်းနိုင်ငံရဲ့နန်းတွင်းခေတ်ကိုနောက်ခံထားပြီး နန်းတွင်းအရှုပ်တော်ပုံတွေကို စိတ်ဝင်တစားနဲ့နှာဘူးကျကျဖတ်ရမှာပါ(မင်းသားတွေချောချက်) နောက်ပြီး Artist ရဲ့ လက်ရာမြောက်အသေးစိတ်ကျလောက်တဲ့ Artကြောင့်ရယ် ဇာတ်ခိုင်မာမှုရှိတာကြောင့် ပထမဆုံးထိုင်းကောမစ်ကို Live Action လည်းထွက်ထားတဲ့ဇာတ်လမ်းလည်းဖြစ်ပါတယ်–
ဇာတ်လမ်းအညွှန်း
Celebrity တစ်ဦးဟာ Gay ဖြစ်ကြောင်း Public ကို ဝန်ခံပြီးနောက် ပိုပြီးအောင်မြင်ကျော်ကြားလာကာ ပရိသတ်တွေပိုမိုများပြားလာခဲ့ပါတယ် ။ ဒီလိုမြင့်မားတဲ့ သူ့ရဲ့life styleကို ကျေနပ်နေခဲ့ပေမယ့်လည်း တစ်နေ့ သူနိုးလာချိန် အရင်ခေတ်ရဲ့ အိမ်အပြင်အဆင်၊ အစေခံတွေရဲ့ ဝတ်စားဆင်ယင်မှု တွေအပြင် သူ့မျက်နှာလေးကပါ ထူးဆန်းနေတာပါ သိလိုက်ရတော့…
” ငါ့ရဲ့ချောမောလှပတဲ့ မျက်နှာလေးကိုမင်းတို့ဘာလုပ်လိုက်ကြတာလဲ အဲ့မျက်နှာရဖို့ ဘယ်လောက်ကုန်ခဲ့လဲ သိရဲ့လား!!!
အမလေး ငါ့ရဲ့မျက်နှာလေးးး”
မူလကိုယ်ပိုင်ရှင်မှာ လိင်တူချစ်ကြိုက်မိတာကြောင့် ပတ်ဝန်းကျင်ရဲ့ရှုံ့ချမှုကိုခံခဲ့ရပြီး ကိုယ့်ကိုကိုယ်သတ်သေခဲ့တာပါ။ ဒါတွေကို သိပြီးနောက်မှာ သူဟာ မူလကိုယ်ရဲ့ချစ်သူကိုလည်း ရှာဖွေဖို့ဆုံးဖြတ်လိုက်ပါတယ်။
သို့သော်…
အိမ်အပြင်လေးတစ်ခါလောက်ထွက်လည်မိတာနဲ့ ၁၃အရွယ်ဘုရင်ပေါက်စရဲ့ လုပ်ကြခံရမှုထဲ သူပါ ရောယောင်ပြီး ပါသွားတယ်!!!
“ငါဒီတိုင်းသေသွားရတော့မှာလား ငါ့ကမ္ဘာဟောင်းကို ပြန်ချင်သေးတယ်လေလို့ “