ဇာတ်လမ်းအညွန်း
ဒီဇာတ်လမ်းလေးက ကူးပြောင်းကာလပုံစံကိုကြိုက်နှစ်တဲ့သူတွေအတွက်လက်မလွှတ်တမ်းဖတ်သင့်တဲ့ဇာတ်လမ်းလေးပါ ထိုင်းနိုင်ငံရဲံနာမည်ကြီးArtistရဲ့ ဒုတိယမြောက်ဇာတ်လမ်းဖြစ်ပြီး ပြည်တွင်းမှာအတော်လေးနာမည်ကြီးနေတဲ့ဇာတ်လမ်းဖြစ်တာမို့ ထိုင်းဘာသာမှတိုက်ရိုက်မြန်မာဘာသာပြန်ဖတ်ရတာနဲ့တင် အများကြီးဖတ်ရကျိုးနပ်နေပီနော် ဇာတ်လမ်းကလည်းအရမ်းစိတ်ဝင်စားဖို့ကောင်းပြီး ဟာသလေးတွေပါရောပေးထားတာမို့ လက်မလွှတ်တမ်းဖတ်ကိုဖတ်သင့်ဇာတ်လမ်းဖြစ်ပါတယ်–
သာမန်ရုံးဝန်ထမ်းဘဝလေးနဲ့ သာယာနေတဲ့ကောင်လေးတစ်ယောက် dating game တစ်ခုကို ဆော့နေရင်း လမ်းဖြတ်ကူးနေချိန်မှာ ကုန်တင်ကားကြီးတစ်စီးနဲ့ ဝင်တိုက်မိခါနီး လျှင်မြန်စွာ ရှောင်လိုက်ပါတယ် သို့သော်လည်း နောက်တစ်စီးထပ်ပေါ်လာတာကြောင့် ထပ်ရှောင်လိုက်ပြန်ပါတယ် တတိယမြောက်ကုန်တင်ကားပေါ်လာချိန်မှာတော့ သူ့ဘဝကိုအရှုံးပေးလိုက်ရပါတော့တယ်
ကုန်တင်ကားကျေးဇူးကြောင့် ဂိမ်းထဲကမျက်နှာလှလှလေးပိုင်ဆိုင်ထားတဲ့ သူဌေးသားလေးကိုယ်ထဲ ရောက်ရှိလာပေမယ့် အဆင့်နိမ့် omega လေးဖြစ်နေပါရော အဓိကအချက်ကတော့ Dating gameထဲ ရောက်လာတာကြောင့် သူflirt ရမယ့်ဂိမ်းရဲ့ဇာတ်လိုက်ကိုရွေးချယ်ရတဲ့အချိန်မှာ လျာထားတဲ့နှစ်ဦးထဲက ရုပ်ချောသဘောကောင်းပြီး အေးချမ်းကြည်စင်တဲ့ အမြဲစိမ်းတော CEO ကြီးကို ရွေးဖို့ ပျော်ပျော်ကြီး လှမ်းလိုက်ပေမယ့် ကံဆိုးချင်တော့ခလုတ်တိုက်ပြီး လူ့ဂွစာမာနအိုး CEO ကြီးရဲ့ ပေါင်ပေါ် ပစ်လဲသွားပါတယ် ထို့နောက် ဂိမ်းက ဇာတ်လိုက်ရွေးချယ်ပြီးကြောင်းအတည်ပြုလိုက်ချိန်မှာ သူပြောလိုက်တာကတော့
” ခုချက်ချင်း ဂိမ်းကို resetချမယ် အသစ်ပြန်စစမ်း “