ဇာတ်လမ်းအညွှန်း
Han Juwon က သာမန်ကောလိပ်ကျောင်းသားတစ်ယောက်ပါ။ ပုံမှန်ဘဝလေးနဲ့ နေထိုင်နေပေမဲ့ သူရှက်သွားတဲ့အချိန်တိုင်း သူ့မျက်နှာအမူအရာနဲ့ စကားလုံးတွေက ကြောက်စရာကောင်းလောက်အောင် ပြောင်းလဲသွားတတ်ပါတယ်။ အဲ့ဒီအကျင့်ကို ပြင်ဖို့ သူအကောင်းဆုံးကြိုးစားနေပေမဲ့ Jeong-min ကို ရိုင်းရိုင်းစိုင်းစိုင်း ပြောလိုက်မိတဲ့အခါ ထပ်ပြီး အမှားလုပ်မိပြန်ပြီဆိုတာကို Juwon သဘောပေါက်သွားပါတယ်…
ဒါတင်မကသေးပါဘူး… သူတို့တွေ့တိုင်း Juwon က Jeong-min ရဲ့ ရင်ဘတ်ကို မတော်တဆ ထိမိနေတတ်ပါတယ်။ Juwon က Jeong-min ကို တောင်းပန်ဖို့ နည်းလမ်းရှာရမယ်ဆိုတာ သိပေမဲ့ အပြစ်ရှိတယ်လို့ ခံစားနေရချိန်မှာတောင် Jeong-min ရဲ့ ရင်ဘတ်နဲ့ပတ်သက်ပြီး သူ မတော်တဆ သိလိုက်ရတဲ့အရာတွေကို မတွေးမိဘဲ မနေနိုင်ဖြစ်နေပါတယ်။ နောက်ပြီး Juwon ရဲ့ နူးညံ့တဲ့စိတ်ဓာတ်နဲ့ ကြမ်းတမ်းတဲ့အသွင်အပြင်တွေကပြောင်းပြန်ဖြစ်နေတာ မဟုတ်ပါဘူးတဲ့…
