ဇာတ်လမ်းအညွှန်း
Hidden Depths ကတော့ ရေသူမျိုးနွယ်တွေပါဝင်တာကြောင့်လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရင်းဖတ်ရှုရမယ့် adult Manhwa လေးပေါ့ ။ အဓိကဇာတ်ကောင် Felix ဟာ ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ပြီး ပေါ့ပါးလွတ်လပ်တဲ့ဘဝကိုဖြတ်သန်းနေသူပါ။ တစ်နေ့မှာတော့ ဓာတ်ပုံရိုက်ရန်ချိန်းထားတဲ့နေရာကိုသွားချိန်မှာ အခန်းမှားဝင်မိကာ Uriel လို့ခေါ်တဲ့ခန့်ညားကြည်စင်တဲ့ထိုအမျိုးသားက သူ့ကို မဖွယ်မရာပြုကျင့်ခါနီးနီးဖြစ်ခဲ့ပါတယ် ။
ထိုအချိန်တစ်လျှောက်လုံးမှာ Felix ဟာ ဖြေရှင်းမရတဲ့ပုစ္ဆာတွေလို အိမ်မက်ဆိုးတွေကို အကြိမ်ကြိမ်မက်နေခဲ့ပါတယ်တဲ့ ။ ပင်လယ်ပြင်ကြီးထဲ အသက်ရှုကြပ်ပြီး ရုန်းကန်နေရတဲ့ အိမ်မက်ဆိုးတွေကြားမှာ ထူးဆန်းတဲ့ပုံရိပ် တစ်ခုလည်းပါဝင်နေပါတယ်။
စိတ်ဝင်စားစရာကောင်းတာက အိမ်မက်တွေရဲ့အဆုံးမှာ ထူးဆန်းတဲ့ပုံရိပ်တစ်ခုက Uriel နဲ့ပတ်သတ်နေခဲ့မှန်း Felix သာ သိသွားခဲ့ရင်…
ဘာတွေများဖြစ်လာနိုင်လဲ