ဇာတ်လမ်းအကျဉ်း
Hong Danwoo ဆိုတဲ့ ဆံပင်ဖရိုဖရဲနဲ့ အသက် ၂၀ ကျော် လူငယ်တစ်ယောက်ဟာ လျှို့ဝှက်ချက်တစ်ခုကြောင့် ဆံပင်ညှပ်ဆိုင်တွေကို နှစ်ပေါင်းများစွာ ရှောင်ရှားခဲ့ပါတယ်။ အဲ့ဒါကတော့ သူ့ခေါင်းကို လာထိတာနဲ့ သူ့ရဲ့ “နောက်ထပ်ခေါင်း” ပါ ထောင်ထလာတတ်လို့ပါပဲ။
ဒါပေမဲ့ သူ့ရဲ့သူဌေးက သူ့ပုံစံကို သပ်ရပ်အောင် ပြင်ဆင်ခိုင်းတဲ့အခါ Danwoo ဟာ ဆံပင်ညှပ်ဆိုင်တွေကို ရှောင်လွှဲလို့ မရတော့ပါဘူး။ ဆန္ဒမပါဘဲ ဆိုင်ထဲကို ဝင်သွားတဲ့အခါမှာတော့ ဆွဲဆောင်မှုရှိတဲ့ ဆံပင်ညှပ်ဆရာ Taehan နဲ့ သူ ဆုံမိပါတော့တယ်။ Taehan က သူ့ရဲ့ ရှုပ်ပွနေတဲ့ ဆံပင်တွေကို ညှပ်ပေးနေရင်း Danwoo ဟာ ချက်ချင်းဆိုသလို စိတ်တွေ ထကြွလာခဲ့ပါတယ်။ သူ့ရဲ့ လျှို့ဝှက်ချက်ကြီး ပေါ်သွားတဲ့အခါမှာတော့ Danwoo တစ်ယောက် သူ့ဆံပင်ရော၊ သူ့ခန္ဓာကိုယ်ပါ တော်တော်လေး ရှုပ်ထွေးပွေလီတဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့လိုက်ရပါတော့တယ်…
