ဇာတ်လမ်းအညွှန်း
Redflag ဆန်ဆန်လေးကြိုက်ပေမယ့်အရမ်းကြီးလည်း ကြမ်းတာမကြိုက်ဘူးဆို ဒီ completed ဖြစ်ပြီးသား ဒီ Manhwa လေးဖတ်ဖို့ အကြံပေးပါတယ်
Uniက ကိုယ့်ထက်ငယ်တဲ့ဂျုနီယာကောင်ချော လေး ဆောဂန်ဝူးကို သဘောကျမိ၍ ညတိုင်းလိုလိုနောက်ယောင်ခံလိုက်ခဲ့မိသူ အူဟီအွန်း ။
ထိုကောင်လေးနောက်ကိုခိုးလိုက်ရင်း သူတိတ်တိတ်လေးစွဲလမ်းမိနေတဲ့ကောင်လေးက ထင်ထားတဲ့ပုံစံနဲ့လုံးဝကွဲထွက်နေတဲ့ ဒုစရိုက်ခေါင်းဆောင်တစ်ယောက်ဆိုတာကို မျက်စိရှေ့တည့်တည့်မှာ တွေ့လိုက်ရပါတော့တယ် ။
ဒါ့အပြင်
လူသတ်မှုကို သေချာမြင်လိုက်ရတဲ့ အူဟီအွန်းဟာ ပြေးဖို့ကြိုးစားပေမယ့် ဆောဂန်ဝူးထဲ လက်ထဲမိသွားပြီးနောက် ခြိမ်းခြောက်မှုတွေ၊ သူ့ရဲ့တဇွတ်ထိုးအနိုင်ကျင့်မှုတွေနဲ့အတူ မိသားစုရဲ့ဝန်ကိုထမ်းကာ အကြွေးဆပ်နေရတဲ့ အူဟီအွန်းတစ်ယောက် ဘယ်လိုပုံစံမျိုးနဲ့ရှင်သန်သွားမလဲ