ဇာတ်လမ်းအကျဉ်း
မိဘမဲ့ဂေဟာမှာကြီးပြင်းလာခဲ့ကြတဲ့ Seungdo ဟာ ချစ်စရာကောင်းပြီး ထက်မြက်တဲ့ Yegeon ကို ကာကွယ်ဖို့အတွက် ဘယ်လိုအရာမျိုးကိုမဆို လုပ်ခဲ့တယ်။ ဝမ်းရေးအတွက် သူ့ခန္ဓာကိုယ်ကို ရောင်းခဲ့တာအထိပါပဲ။ အခုတော့ Yegeon က ဆေးကျောင်းရောက်နေပြီဆိုတော့ သူ Seungdo ကို အဲဒါတွေ ရပ်ပြီး သူ့ကိုပဲ ပြန်ပြီး ဂရုစိုက်စေချင်နေပြီ။ ဒါပေမဲ့ Seungdo က သူဟာ Yegeon ကို ဆွဲချနေတယ်ဆိုတဲ့ ကြောက်စိတ်ကို မဖယ်ရှားနိုင်သေးဘူး။ ဆေးဖြတ်ခြင်းရဲ့ ဝေဒနာတွေကို တိုက်ထုတ်ရင်းနဲ့ ဖုံးကွယ်ဖို့ အသည်းအသန် ကြိုးစားနေရင်းကနေ သူစွန့်လွှတ်မယ်လို့ ကျိန်ဆိုခဲ့တဲ့ လောကထဲကို ပြန်ရောက်သွားတယ်။ Yegeon က သူ့ကို လွယ်လွယ်နဲ့ လက်လွှတ်မှာ မဟုတ်ဘူးဆိုတာကိုတော့ သူ မသိသေးဘူး။ တချို့သော သံယောဇဉ်တွေဟာ ဘယ်လောက်ပဲ ကံဆိုးမိုးမှောင်ကျနေပါစေ ဖြတ်တောက်ဖို့ ခက်ခဲတယ်ဆိုတာ ပေါ်လွင်လာခဲ့တယ်…
