အလုပ်ကိုစွဲလမ်းတာဟာကောင်းပါတယ်။ ဒါပေမဲ့အလွန်အကျွံဖြစ်သွားတဲ့အခါမှာတော့ဆိုးကျိုးတွေဘက်ကိုသာဦးတည်လာပါတော့တယ်။ ဘဲ့ဒိုဟူလို့ခေါ်တဲ့ အသက် ၂၆နှစ်အရွယ်
တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သလို BL စာရေးဆရာတစ်ဦးလည်းဖြစ်တယ်။ ယခုလက်ရှိ အသစ်ရေးနေတဲ့
စာအုပ်အတွက် Top ဇာတ်ကောင်းကိုဘယ်လိုဘယ်ပုံရေးရမလဲဆိုပြီး စိတ်ကူးလုံးဝထွက်မလာဘူးဖြစ်နေပါတယ်။
ထိုအချိန်အတောတွင်းမှာပဲ ဂျူဟောန်လို့ခေါ်တဲ့ အသက်(၂၄)နှစ် ဂျူနီယာလေးတစ်ယောက်နဲ့ဆုံတွေ့သွားခဲ့တယ်
ဂျူဟောန်က သူနဲ့ကိုရီးယားတက္ကသိုလ်တူပြီး စီးပွါးစီမံဘာသာရပ်ကို လေ့လာနေတဲ့သူဖြစ််တယ်။တခြားလူတွေအပေါ် တစ်စက်လေးတောင်စိတ်ဝင်စားမှုမပြတဲ့ ဒိုဟူက ဂျူဟောန်ရဲ့ ထူးခြားတဲ့အသွင်ပြင် အရမ်းနွေးထွေးပြီးကြင်နာတတ်တဲ့ပုံစံလေးကိုစပြီးစိတ်ဝင်စားလာခဲ့တယ် မကြာခင်အချိန်မှာပဲ ဘဲ့ဒိုဟူတစ်ယောက် ဂျူဟောန်ရဲ့အမှောင်ဘက်ခြမ်းပုံစံကို အမှတ်မထင်ရှာတွေ့သွားခဲ့တယ် ဂျုဟောန်ဟာ သူရဲ့ပုံစံအစစ်မဟုတ်ပဲ ဒေါင်းယောင်ဆောင်သော ကျီးလေးဖြစ်နေတာကိုတွေ့လိုက်ရပြီး ဒိုဟူဟာ သူ့ရဲ့ကာရိုက်တာအသစ် အတွက်လုံးဝ idea ရသွားပါတော့တယ်။ မျက်နှာနှစ်မျိုးနဲ့ Top သာ သူ့ရဲ့စာအုပ်ထဲမှာပါလာခဲ့ရင်ဆိုတာကနေ ဂျုဟောန်ရဲ့ ပုံစံကိုသိရဖို့ နောက်ယောက်ခံစလိုက်ပါတော့တယ်။
ဂျုဟောန်ကလည်း သူ့နောက်လိုက်နေတဲ့ ဒိုဟူကိုတစ်နေ့တစ်ခြားစိတ်တိုပြီးရင်တိုလာပါတော့တယ်။ ဒါကို အလုပ်သရဲဖြစ်တဲ့ ဒိုဟူကတော့ သတိထားမိဟန်ပေါပေမဲ့လည်း အလုပ်သည်သာ ကိုးကွယ်ရာ ဆိုတဲ့အတိုင်းဆက်လက်နောက်ယောက်ခံလိုက်နေတုန်းပါပဲ။ ဒီတော့ ဒိုဟူရှေ့မှာ ဂျုဟောန်ရဲ့သရုပ်မှန်တွေနောက်ဆုံးဘယ်တော့်ပေါ်လာမလဲဆိုတာကို စိတ်ဝင်တစားနဲ့ဖတ်ကြည့်လိုက်တော့နော်