အအေးလွန်ကဲနေတဲ့ ဒီဇင်ဘာရဲ့ နေ့တစ်နေ့မှာ Song Yeon-woo ဟာဒဏ်ရာရနေတဲ့ Alphaလူငယ်လေး နဲ့ တွေ့ဆုံခဲ့ပြီး ထိုလူငယ်ကို ကူညီပေးခဲ့တယ်။ အတိတ်က ဒဏ်ရာကြောင့် alpha တွေကိုမုန်းတီးနေပေမယ့် Yeon-woo ဟာ ထိုလူငယ်လေးဆီက လုံခြုံ နွေးထွေးတဲ့ ခံစားချက်ကိုရရှိခဲ့ပါတယ် ။ သူတို့နှစ်ဦး နောက်ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူးထင်ခဲ့ပေမယ့်လည်း ကံကြမ္မာက တခြားအစီအစဉ်ရှိနေပုံရတယ်။ နှစ်နှစ်ကြာပြီးနောက် Yeon-woo ဟာ ဘဝအသစ်စတင်ရန် မြို့ကိုပြန်လာခဲ့ပေမယ့်သူ့ပတ်ဝန်းကျင်ရှိ alpha တွေကိုတော့ သတိထားနေရုံသာမက သူ့ကိုယ်သူလုံခြုံစေရန်အတွက် Alpha များနဲ့ အမြဲတမ်း တံတိုင်းကြီးတစ်ခုခြားထားခဲ့တော့တယ်…
သို့သော် ထိုရင်းနှီးသောရနံ့ပိုင်ရှင်က သူ့နှလုံးသားတစ်လျှောက် စိမ့်ဝင်မွှေးပျံ့လာတဲ့အခါမှာတော့ Yeon-wooဟာ ရင်ထဲကခံစားချက်နောက်ကိုသာ လိုက်ချင်နေခဲ့ပါတော့တယ်…