ဇာတ်လမ်းအကျဉ်း
ဂိတ် ကို အောင်မြင်စွာ သိမ်းပိုက်ပြီးနောက် လူသားမျိုးနွယ်တွေဆီ ငြိမ်းချမ်းရေး ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ Esper တွေရဲ့ အစွမ်းထက်တဲ့ စွမ်းရည်တွေဟာ လူသားမျိုးနွယ်အတွက် ကံဆိုးမိုးမှောင်ကျစေတဲ့ ကိစ္စဖြစ်လာပြီး သူတို့ကို ဒုက္ခထဲ ဆွဲသွင်းခဲ့ပါတယ်။
သေဘေးနဲ့ ရင်ဆိုင်ရတော့မယ့်NO.00 Michaelရှေ့မှာ အခွင့်အရေးသစ်တစ်ခု ပေါ်လာခဲ့ပါတယ်။ စစ်သားဟောင်း Adam ဟာ Esper တွေနဲ့ Guide တွေရဲ့ ဆက်ဆံရေးကို အမြဲစိုးရိမ်ပူပန်ခဲ့သူပါ။ Michael ဟာ သူ့ခြေထောက်ဒဏ်ရာရခဲ့တဲ့ အကြောင်းရင်းဖြစ်ပေမဲ့ Adam က Michael ကို ဒုတိယအခွင့်အရေး ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Adam ဟာ Michael ကို လူ့အဖွဲ့အစည်းထဲ ပေါင်းစပ်ပြီး သာမန်ဘဝတစ်ခုကို နေထိုင်နိုင်ဖို့အတွက် “Eve” လို့ နာမည်အသစ်ပေးခဲ့ပါတယ်။
ရှေ့တန်းစစ်မြေပြင်မှာ အမြဲတိုက်ခိုက်ပြီး အသက်ကို စွန့်စားခဲ့ကြတဲ့ သူတို့နှစ်ဦးဟာ လူသားမျိုးနွယ်ရဲ့ ရင်ခွင်ထဲမှာ သာမန်ဘဝလေးတစ်ခုကို အိပ်မက်မက်ရင်း ငြိမ်းချမ်းစွာ နေထိုင်နိုင်ဖို့ ခြေလှမ်းတွေ စတင်လိုက်ပါတော့တယ်…
