ဇာတ်လမ်းအကျဉ်း
Kyunghoon က သရဲတွေ မြင်ရတယ် သူ Naroo နဲ့တွေ့တဲ့အထိ…. Naroo က မိန်းကလေးတစ်ယောက်လို ချောမောတဲ့ကောင်ငယ်လေး ဒါပေမဲ့ သူက မိန်းကလေးလည်း မဟုတ်ဘူး ….ယောက်ျားလေးလည်း မဟုတ်ဘူး။ သူက ကိုးမြှီးမြေခွေးတစ်ကောင်။ ပြီးတော့ လူသားဖြစ်ဖို့အတွက် “ယန်” စွမ်းအင်တွေ လိုအပ်တယ်။
သူတို့ အခန်းဖော်တွေ ဖြစ်လာကြပေမဲ့ ပြဿနာတစ်ခု ရှိနေတယ်။ Naroo နဲ့အတူ သရဲတွေကို နောက်ဘဝပို့ပေးတဲ့ ကျားနတ်ဘုရား Hanwool က မနာလိုတတ်တဲ့သူပေါ့… Naroo က သူ့သူငယ်ချင်းအသစ် Yunho နဲ့ ပိုရင်းနှီးလာတယ်။
ဒါပေမဲ့ Yunho နဲ့ Hanwool တို့ တွေ့တဲ့အခါ
“ဟမ်…ဒီအနံ့က… သွေးသားဆန္ဒပြင်းပြနေတဲ့ ကျားနံ့ပဲ!” တဲ့
ဒီစိတ်ကူးယဉ် BL ဇာတ်လမ်းလေးက “Biting the Tiger” ထဲက ဇာတ်ကောင်ငယ်လေးတွေရဲ့ ကိုယ်ပိုင်ဇာတ်လမ်းလေးဖြစ်ပါတယ် Main Story ဖြစ်တဲ့ “Biting the Tiger” ကို အရင်ဖတ်ပြီးမှ ဒီဇာတ်လမ်းလေးကိုဆက်ဖတ်လိုက်နော်
