ဇာတ်လမ်းအကျဉ်း
Nathaniel ဟာတစ်သက်လုံး ချမ်းသာကြွယ်ဝတဲ့ မာဖီးယားမိသားစုရဲ့ ဒုတိယသားအဖြစ် နေထိုင်လာခဲ့တယ်။ တစ်နေ့တော့ သူ့အစ်ကို (အသစ်ခန့်အပ်ခံရတဲ့ ဂိုဏ်းခေါင်းဆောင်) ကထင်မှတ်မထားတဲ့ တောင်းဆိုမှုတစ်ခုနဲ့ သူ့ကို တုန်လှုပ်စေခဲ့တယ်။ အဲဒါကတော့ Nathaniel ကို ဂိုဏ်းအတွက် ဓားစာခံအဖြစ် ကုမ္ပဏီတစ်ခုဆီ ပို့မယ်ဆိုတဲ့ ကိစ္စပဲ။
ဒီကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Fabian က သူ့ရဲ့ စွမ်းအားတွေကို မာဖီးယားဂိုဏ်းအတွက် အကူအညီပေးမယ်။ ဒါပေမဲ့ ပြန်ပြီး လဲလှယ်တဲ့အနေနဲ့ Nathaniel ရဲ့ ခန္ဓာကိုယ်ကို သူလိုချင်တယ် တဲ့…
