ဇာတ်လမ်းအကျဉ်း
အရက်၊ လောင်းကစားနဲ့ အပျော်အပါးတွေ လွှမ်းမိုးထားတဲ့ Helltham မြို့တော်ကို Golden Bite မိသားစုက အုပ်စိုးထားပါတယ်။ အဲ့ဒီမိသားစုရဲ့ နံပါတ် (၃) ခေါင်းဆောင်၊ အာဏာနဲ့ ပျော်ပါးမှုကိုပဲ မက်မောတဲ့ Seven တစ်ယောက် ခေါင်းဆောင်သစ်ဖြစ်ဖို့ နီးစပ်လာချိန်မှာပဲ သူ့ကမ္ဘာကြီး ပြိုလဲသွားခဲ့တယ်
သူ့ရဲ့ နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ရတဲ့ ပါတနာ Felixဟာ တကယ်တော့ ရဲတပ်ဖွဲ့က စေလွှတ်လိုက်တဲ့ သူလျှိုတစ်ယောက် ဖြစ်နေခဲ့လို့ပါပဲ။ Felixဟာ Sevenကို သေနတ်နဲ့ချိန်ပြီး ရွေးချယ်စရာ (၂) ခုပဲ ပေးခဲ့တယ် – “ငါနဲ့ပူးပေါင်းပြီး Golden Bite ကို ဖြိုဖျက်မလား၊ ဒါမှမဟုတ် အခုပဲ အသေခံမလား?”
အသက်ရှင်ဖို့နဲ့ သူ့ကိုစွန့်ပစ်ခဲ့တဲ့ အဖွဲ့အစည်းကို လက်စားချေဖို့ Sevenဟာ ရန်သူဖြစ်သူ Felixနဲ့ လက်တွဲခဲ့ရတော့တယ်။ ဒါပေမဲ့ သူတို့နောက်ကွယ်မှာ နောက်ထပ် အရိပ်မည်းကြီးတစ်ခု ရှိနေသေးတယ်။ အဲ့ဒါကတော့ Golden Bite ရဲ့ နံပါတ် (၂) ခေါင်းဆောင် Romani ပါပဲ Romaniဟာ သူ့ဆီကနေ ထွက်ပြေးသွားတဲ့ “အရုပ်ကလေး” Felixကို ပြန်ရဖို့ ဘာမဆိုလုပ်ဖို့ အသင့်ရှိနေတဲ့သူတစ်ယောက်
သူတို့သုံးယောက်ကြား သုံးပွင့်ဆိုင် လက်စားချေမှုနဲ့ အမုန်းတရားတွေကြားက အန္တရာယ်ရှိတဲ့ပတ်သက်မှု။ ဘယ်သူက နောက်ဆုံးမှာ ဒီမြို့တော်ကို အပိုင်စားရမလဲဆိုတာ….
