ဇာတ်လမ်းအကျဉ်း
Yunho ဟာ ရော့ခ်ဂီတအဖွဲ့တစ်ဖွဲ့ရဲ့ အဆိုတော်တစ်ယောက်ပါ။ ငယ်ငယ်လေးကတည်းက ကားမတော်တဆမှုကြောင့် မိသားစုတစ်ခုလုံးကို ဆုံးရှုံးခဲ့ရတဲ့ ဝမ်းနည်းစရာအတိတ်တစ်ခု သူ့မှာရှိတယ်။ တစ်နေ့မှာတော့ သူ့ရဲ့ အမှောင်ဖုံးနေတဲ့ နေ့ရက်တွေမှာ အမြဲနှစ်သိမ့်ပေးခဲ့တဲ့ ချစ်ရတဲ့ Kyung-hoon က တခြားတစ်ယောက်ကို ချစ်သွားပြီဆိုတာ Yunho ကြားလိုက်ရတယ်။
Yunho က အံ့သြတုန်လှုပ်ပြီး ထွက်ပြေးလာခဲ့ရာကနေ ဒဏ္ဍာရီလာကျား Hanwool နဲ့ မတော်တဆတိုက်မိခဲ့တယ်။ အဲဒီအချိန်မှာပဲ Hanwool က ဘယ်လူသားကိုမှ စိတ်မဝင်စားပေမဲ့ ချိုမြိန်တဲ့အနံ့တစ်ခုကို ရလိုက်ပြီး Yunho ကိုတော့ စိတ်ဝင်စားသွားခဲ့တယ်…
ဒါလေးကတော့ Yunho နဲ့ Hanwool တို့နှစ်ဦးကြားက တစ်ယောက်ရဲ့ဒဏ်ရာတွေကို တစ်ယောက်က ကုစားပေးရင်း အချစ်ကိုရှာဖွေတွေ့ရှိသွားတဲ့ ချိုမြိန်တဲ့ ချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်…
