ဇာတ်နာတာမှကြိုက်နှစ်သက်ရင် ဒီတစ်ခုလည်းထပ်ဆုံးကပါတဲ့ဇာတ်လမ်းလေးဖြစ်တာမို့ ဖတ်ဖို့လက်မလွှတ်သင့်တဲ့ဇာတ်လမ်းဆိုရင်မမှားပါဘူး။ School type ပုံစံတွေကိုဖတ်ရတာကြိုက်နှစ်သက်တဲ့သူအကြိုက်တွေ့စေမဲ့ နောက်ထပ်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ သာမန် School type တွေလိုအချစ်ဇာတ်လမ်း ကိုအခြေခံထားတာမဟုတ်ပဲ အနိုင်ကျင့်တာတွေ Rape တာတွေ ဇာတ်မြုပ်ကွက်တွေနဲ့ ထင်ယောင်ထင်မှားဖြစ်စေတဲ့ခံစားချက်တွေဟာ ဇာတ်လမ်းကိုရိုးအီမသွားစေပဲ ပိုပြီးဖတ်ချင်လာအောင်တစ်ပိုင်းပြီးတစ်ပိုင်း ဆွဲခေါ်သွားမှာပါ။
ဇာတ်လမ်းအညွှန်း
တစ်ဘဝလုံး ဖခင်ဖြစ်သူနဲ့ပဲ နေလာခဲ့ရတဲ့ Raymond ဟာ ဖခင်ရဲ့ရုတ်တရုတ်ဆုံးပါးမှုကြောင့် အောင်မြင်နေတဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မိခင်ဖြစ်သူနဲ့ ပထမဆုံးပြန်လည်တွေ့ဆုံခဲ့ရတယ်
မိခင်ရဲ့အရိပ်အောက်မှာ ငါးနှစ်ကြာနေထိုင်ပြီးတဲ့နောက်မှာ Raymond ဟာ အိမ်ကနေထွက်လာခဲ့ရပြီး တောထဲမှာဆောက်ထားတဲ့ ဘော်ဒါကျောင်းကို အတင်းအကြပ်ပို့ခြင်းခံခဲ့ရတယ် ရဲတိုက်ကြီးလိုမျိုး ခမ်းနားတဲ့အပြင်ပုံစံနဲ့မတူဘဲ ထောင်ကြီးတစ်ခုလိုမျိုး ခံစားနေရတဲ့ကျောင်းကြီးမှာ တက်နေတဲ့ ကျောင်းသားတွေကလည်း သူ့လိုမျိုးကြုံခဲ့ရတဲ့ လူတွေဖြစ်နေပါသေးတယ်
ငါးနှစ်တာ တိရစ္ဆာန်တစ်ကောင်လိုမျိုး ဆက်ဆံခံရလို့ လက်စားချေချင်စိတ်တွေလောင်မြိုက်နေတဲ့ Raymond တစ်ယောက် Hugh , George, Simon , Jerome တို့နဲ့တွေ့ပြီး မကြာခင်မှာ ပဲ သူတို့တွေက အရေခြုံမျက်နှာဖုံးတွေတပ်ထားတဲ့ ကြောင်သူတော်သားရဲတွေနဲ့ ပြည့်နှက်နေတဲ့ လှောင်အိမ်ကြီးထဲ ရောက်နေမှန်းသိလိုက်ရပါတော့တယ်
ဒါပေမယ့်… အဲဒီ့ထက်ပင် ထူးခြားပြီး မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေက Raymond ကို စောင့်ဆိုင်းနေပြန်ပါသေးတယ်…….