ဇာတ်လမ်းအကျဉ်း
လူဆိုးဂိုဏ်းခေါင်းဆောင်ရဲ့ မွေးစားသားဖြစ်သူ Li Jian ကို စိတ်မမှန်တဲ့ လူသတ်သမားတစ်ဦးရဲ့သားဖြစ်တဲ့ Min Zhao က သင်္ချိုင်းမှာ အတင်းအကြပ်ချုပ်နှောင်ထားပါတယ်။
“မင်း လျော်ကြေးငွေ တောင်းနေတာလား? ငါ့မိန်းမကို ဖုန်းဆက်လိုက် မင်းတောင်းသမျှ သူပေးလိမ့်မယ်။”
“တခြားလူတွေအတွက်တော့ မင်းက သေပြီသားပဲ မင်းကို ငါ ဘာလုပ်လုပ် ရတယ်လေ”
Li Jian က လက်တွေကို မြှောက်ပြီး Min Zhao ရဲ့ ဒဏ်ရာကို ထိလိုက်တယ်။ နာကျင်လို့ မျက်နှာရှုံ့မဲ့သွားတဲ့ Min Zhao ဟာ Li Jian ရဲ့ မျက်နှာကို လက်ဝါးနဲ့ ပြန်ရိုက်လိုက်တယ်။
“မင်း ငါ့ကို ဒီလောက်တောင် မုန်းလား? ငါ မင်းအသက်ကို ကယ်ခဲ့တာ ဒီလိုပဲ ကျေးဇူးဆပ်တာလား။”
“ကျေးဇူးတင်မယ်လို့ မင်းမျှော်လင့်နေတာလား စိတ်မမှန်တဲ့ကောင်!”
လို့ Li Jian က ပြန်ပြောလိုက်တယ်။
“ဘယ်လိုပဲဖြစ်ဖြစ် မင်း ငါ့ဆီက ထွက်သွားလို့ရမှာ မဟုတ်ဘူး မင်း ဒီမှာပဲ ပိုလုံခြုံတယ်။”
