ဇာတ်လမ်းအညွှန်း
ရေသူထီးဇာတ်လမ်းတွေထဲမှာဒီဇာတ်လမ်းလေးကနည်းနည်းထူးခြားတဲ့ဇာတ်လေးဗျ…..ဘယ်လိုထူးခြားတာလဲဆိုတာသိအောင်ပြေးသာဖတ်လိုက်တော့်နော်
တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်တဲ့အပြင် စန္တရားတီးသူတစ်ဦးဖြစ်တဲ့ ချားဆူးယောင်းဟာ ဖျော်ဖြေပွဲမှာ အမှားလုပ်မိတာကြောင့် စိတ်ရှုပ်ထွေးပြီး မကောင်းတဲ့အရာတစ်ခုကိုလုပ်မိသွားခဲ့တယ် ။ အဲ့တာကတော့ စိတ်ဖိစီးမှုတွေကို ဖြေလျော့ဖို့အတွက် သူစိမ်းအမျိုးသားတစ်ယောက်နဲ့ အတူတူအိပ်ဖို့ ဆုံးဖြတ်ခဲ့တာပါပဲ ။ ထိုအမျိုးသားနဲ့ အိပ်လိုက်တဲ့အချိန်မှာတော့ သူရဲ့ဒုက္ခတွေဟာ ပင်လယ်ထဲမျောပါပျောက်ကွယ်သွားသလိုခံစားခဲ့ရတယ် ။ ဒါပေမယ့် သူနဲ့အတူအိပ်ခဲ့တဲ့အမျိုးသားက တက္ကသိုလ်ကျောင်းသား ရှင်းဟယ်ဆူး ဖြစ်မှန်း သူမသိခဲ့ပါဘူး ။ ဟယ်ဆူးကသာ မှတ်မိနေခဲ့သူပါ …
တစ်နေ့မှာတော့ သူတို့နှစ်ယောက် အဖွဲ့လိုက် project တစ်ခု အတူတူလုပ်ရဖို့ဖြစ်လာတဲ့အခါမှာ ဟယ်ဆူးက ဆူးယောင်းရဲ့ နှလုံးသားထဲ ဝင်နိုင်ဖို့ကြိုးစားခဲ့ပါတယ် ။ ဆူးယောင်းက သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို အချိန်ကြာကြာမထိန်းနိုင်မှာစိုးရိမ်ခဲ့ပေမယ့် ဟယ်ဆူးကသာ သူ့ကို နက်နက်ရှိုင်းရှိုင်းချစ်မိနေသူ ဖြစ်မှန်းသိလိုက်ချိန်မှာတော့…