ဇာတ်လမ်းအကျဉ်း
“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက… ကျွန်တော့်ရဲ့ ဂုဏ်ပုဒ်နဲ့ ရာထူးကို မက်မောတွယ်ကပ်ခဲ့လို့ အိမ်ပေါ်ကနေ ကျွန်တော်ကိုယ်တိုင် နှင်ထုတ်ခဲ့တဲ့ “ညီငယ်” ဟာ အခုအခါမှာတော့ နယ်စားပယ်စား ဘွဲ့ထူးကို ရယူဖို့ ကြိုးပမ်းနေတဲ့၊ ဂုဏ်သရေရှိလှတဲ့ စစ်သေနာပတိချုပ်တစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့တယ်
ဆယ်စုနှစ်တစ်ခုကျော်ကြာ စွဲကိုင်ထားခဲ့တဲ့ အမုန်းတရားတွေနဲ့ ရစ်ပတ်နှောင်ဖွဲ့မှုတွေအပြီးမှာ… ကျွန်တော်တို့နှစ်ယောက်ရဲ့ ပြန်လည်ဆုံတွေ့မှုနဲ့ အာဏာလုပွဲတွေဟာ “အချစ်” နဲ့ “အမုန်း” ကြားက စည်းဝါးတွေကို ဝေဝါးသွားစေခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာရော… ကျွန်တော် သူ့လက်ထဲကနေ ရုန်းထွက် လွတ်မြောက်နိုင်ပါဦးမလား?”
အိမ်ပေါ်က နှင်ထုတ်ခံရပြီး အခုလက်ရှိမှာ အာဏာရှိတဲ့ စစ်ဗိုလ်ချုပ်ဖြစ်လာအောင်ကြိုးစားကာ ၁၀ နှစ်ကျော်ကြာအောင် တေးထားတဲ့ အာဃာတတွေက ဘယ်လိုမျိုး “စွဲလမ်းမှု”အဖြစ် ပြောင်းလဲသွားမလဲဆိုတာ တမိုးအောက်အတူနေခဲ့ဖူးတဲ့ ညီအကိုအရင်းလိုဆက်ဆံရေးကနေ ရန်သူလိုဖြစ်သွားတဲ့ သမိုင်းနောက်ခံလက်စားချေ ဇာတ်လမ်းတွေကို ကြိုက်တဲ့သူတွေအတွက် အရမ်းကောင်းတဲ့ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်
