ဇာတ်လမ်းအညွှန်း
၁၉၉၅ ခုနှစ် နွေဦး၊ ကိုရီးယားတက္ကသိုလ်မှာပေါ့။ Liberal အနုပညာဘာသာရပ်အတန်းထဲမှာ စီးပွားရေးဘာသာရပ်က ကျောင်းသားတစ်ယောက်ဖြစ်ပြီး စာလုံးတွေ ဖရိုဖရဲနဲ့ ရေးတတ်တဲ့ စံပြကျောင်းသား Do Jin Wooရယ်…
စာလုံးလှလှလေးတွေ ရေးတတ်တဲ့ ကာယပညာဘာသာရပ်က ကျောင်းသား Lee Dae Han ရယ် မထင်မှတ်ဘဲ ဆုံခဲ့ကြတယ်။
သူတို့နှစ်ယောက်ကြားနားလည်မှုလွဲတာတွေ၊ ရန်ဖြစ်တာတွေပြီးတဲ့နောက်မှာ Jin Wooက အံ့ဩသွားခဲ့တယ်
‘Lee Dae Hanက ငါ့လက်ရေးကို ပထမဆုံးအကြိမ်နဲ့တင် ဖတ်လိုက်နိုင်တာလား’
လက်ရေးမကောင်းလို့ ပယ်ချခံထားရတဲ့ Jin Wooရဲ့ အစီရင်ခံစာကို Dae Hanက ချက်ချင်းဖတ်နိုင်တယ်ဆိုတာ သိလိုက်ရတော့ Jin Woo က သူ့ကို ပြန်ရေးခိုင်းလိုက်တယ်။ အဲ့ဒီနောက်မှာတော့အလဲအလှယ်အနေနဲ့ ချိန်းတွေ့တဲ့ နေရာမှာ အမြဲတမ်းအဆင်မပြေတဲ့Dae Han က စီးပွားရေးဌာနရဲ့ နာမည်ကြီးလူချောလေး Jin Woo ကို ‘ချိန်းတွေ့နည်းသင်ခန်းစာ’ တွေ သင်ပေးဖို့ တောင်းဆိုလိုက်တော့တယ်
