ဇာတ်လမ်းအကျဉ်း
ဂိုဏ်းအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Ryu Nanmu ဟာ သူ့ရဲ့ “အဖွဲ့အစည်း” မှာ ထိပ်တန်းနေရာယူထားသူ ဖြစ်နိုင်ပေမဲ့ သူ့ရဲ့ဘဝကတော့ လုံးဝကို အောက်ဆုံးရောက်နေပါတယ်။ တစ်ချိန်တုန်းကတော့ သူဟာ သူ့သူဌေးရဲ့ ဇနီးနဲ့ သူမရဲ့သားလေး Pil-gyun နဲ့အတူ မိသားစုဘဝတစ်ခု တည်ထောင်ဖို့ အိပ်မက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူ့အပိုင်မဟုတ်တဲ့ အရာတစ်ခုကို တောင့်တခဲ့တဲ့အတွက် ကြီးမားတဲ့ လျော်ကြေးတွေ ပေးခဲ့ရပါတယ်။
နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာတော့ မိသားစုဘဝအတွက် မျှော်လင့်ချက်ဆိုတာ Nanmu အတွက် လွမ်းဆွတ်ဖွယ်ရာ အမှတ်တရတစ်ခုလောက်ပဲ ကျန်ပါတော့တယ်။ ဒါပေမဲ့ ရုတ်တရက်ဆိုသလို အရွယ်ရောက်လာတဲ့ Pil-gyun က Nanmu ရဲ့ ဘဝထဲကို ပြန်ရောက်လာပါတယ်
ဒါပေမဲ့ ဒီ Pil-gyun က Nanmu မှတ်မိနေတဲ့ ကလေးလေး မဟုတ်တော့ပါဘူး။ Pil-gyun ဟာ တွက်ချက်မှုတွေ ရှိပြီး၊ အန္တရာယ်များတဲ့သူ ဖြစ်သလို Nanmu ကို အရူးအမူး ချစ်နေတဲ့သူတစ်ယောက် ဖြစ်နေပါတယ်။ Nanmu က ဒီဆက်ဆံရေးကို အဆုံးသတ်သင့်တယ်ဆိုတာ သိပေမဲ့ Pil-gyun ရဲ့ နူးညံ့တဲ့ ချစ်စကားတွေက သူ့ရဲ့နှလုံးသားကို ဆွဲဆောင်နေတာကိုတော့ မတတ်နိုင်ခဲ့ပါဘူး…
