ဇာတ်လမ်းအကျဉ်း
Sejun ဟာ သူ့အမေကို မတော်တဆမှုတစ်ခုကြောင့် ဆုံးရှုံးခဲ့ရပြီးနောက်ပိုင်းမှာ ကျန်းမာရေးမကောင်းတဲ့၊ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ချူချာနေတဲ့ သူ့အဖေကို ပြုစုစောင့်ရှောက်ရင်း ဘဝကို ဖြတ်သန်းနေရပါတယ်။ သူဟာ Alpha တွေရဲ့ Pheromone တွေကို အကြောင်းပြချက်မရှိဘဲ ခံနိုင်ရည်မရှိတာမျိုး ကြုံနေရသူပါ။ ဒါပေမဲ့ သူ့အဖေ မတော်တဆဖြစ်ပြီးနောက် သူ့ကို စောင့်ရှောက်ပေးခဲ့တဲ့ အဘိုးကြီးရဲ့ ကျေးဇူးကြောင့် အဘိုးကြီးရဲ့သား Jeong-won ရဲ့ မတရားတဲ့ တောင်းဆိုမှုတွေကို ငြင်းလို့မရဘဲ ပင်ပန်းတဲ့ နေ့ရက်တွေကို ဖြတ်သန်းနေရပါတယ်။
တစ်နေ့မှာတော့ Sejun ဟာ Jeong-won ခေါ်ဆောင်သွားတာ ခံရတုန်း Taeheon နဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ Taeheon နဲ့ တွေ့ဆုံပြီးနောက်ပိုင်းမှာတော့ နှစ်ပေါင်းများစွာ မလာခဲ့တဲ့ သူ့ရဲ့ Hit cycle က ရုတ်တရက် ပြန်ပေါ်လာပါတော့တယ်။
“ဒီလူကို ဆုပ်ကိုင်ထားဖို့ ငါ့ရဲ့ ပင်ကိုဗီဇက ပြောနေတယ်”
