Omegaverseဆိုတာဘာလဲ
Omegaverseဆိုတာ အမျိုးသားတွေပါ ကိုယ်ဝန်ဆောင်နိုင်တဲ့ အခြားကမ္ဘာတစ်ခု/စိတ်ကူးယဉ်ကမ္ဘာတစ်ခု (AU) ဖြစ်ပါတယ်။ ဒီ Universeမှာတော့ လိင်အမျိုးစား(ကျား/မ)ဟာအဓိကမဟုတ်ပါဘူး အဓိကအုပ်စု(၃)မျိုးခွဲထားပါတယ် – Alpha,Beta ပြီးတော့ Omega ဆိုပြီး ပါဝင်ပါတယ်။
———————————-
Alpha
-အားလုံးထဲမှာ အင်အားအကြီးဆုံးဖြစ်တယ်(ခန္ဓာကိုယ်/ဥာဏ်ရည်/ခွန်အား)။
-Omega Heatဖြစ်တာနဲ့ကြုံရင်သူတို့ဟာစိတ်ထိန်းချုပ်နိုင်စွမ်းမဲ့သွားကြတယ်
– တစ်နှစ်မှာတစ်ခါတော့ Rut ကာလ ဖြစ်ပေါ်တယ်
-အိပ်ရာပေါ်တွင် Dominate/လွှမ်းမိုးသူ(အပေါ်ထပ်သမား/seme/top)
ကိုမျိုးအောင်တွေမလို့ ပါတနာ တစ်ယောက်မကထားလို့ရ
– သူတို့ဟာအားလုံးထက် သာလွန်တယ်လို့ မှတ်ယူထားတာကြောင့် အစိုးရနှင့် အဖွဲ့အစည်းများရဲ့ အရေးကြီးတဲ့ ရာထူးများကို ပိုင်ဆိုင်ထားကြတယ်
– Alphaတွေက ကိုယ်ဝန်မဆောင်နိုင်
(တချို့ Alpha(girl)တွေဟာကိုယ်ဝန်ဆောင်နိုင်ပေမဲ့ ဖြစ်ခဲပါတယ်)
– အယောက်၁၀၀မှာ Aplhaတွေဟာပျမ်းမျှ 20% ရှိ)
———————————-
Beta
– သူတို့က Alpha,Omega တို့လို မဟုတ်တဲ့ သာမန်လူနီးနီးဖြစ်ကြတယ် (Heat Cycle မရှိ, ဘာရနံ့မှမရှိ, ဘယ်ရနံ့ကိုမှလည်းအာရုံမခံနိုင်)
– သူတို့ဟာလိင်ဆက်ဆံနေချိန် အသိစိတ်ရှိပြီး စိတ်ထိန်းချုပ်နိုင်ကြတယ်
– Beta အချင်းချင်းသာ ကလေးမွေးနိုင်တယ်(သာမန်လူတွေလို ယောကျ်ားနဲ့မိန်းမ မူစကူဒူးပြီးမိန်းမက ကလေးမွေးနိုင်တာပြောတာပါ)
– Beta (boy)က Omega(boy)ကို ကိုယ်ဝန်ရအောင်မလုပ်ဆောင်နိုင်ပါ (Omega (girl)ဖြစ်နေရင်တော့ကိုယ်ဝန်ရနိုင်ပါတယ်)ပုံမှန်အားဖြင့် သာမန်လူအနေထားအမျိုးအစားပဲဖြစ်တယ်။
– အယောက်၁၀၀မှာ Betaတွေဟာပျမ်းမျှ 70% ရှိ)
———————————-
Omega
-အားလုံးထဲမှာ အနူးညံ့ဆုံး အသိမ်မွေ့ဆုံး အမျိုးအစားလေးဖြစ်ပါတယ်။
– Heat Cycle ပုံမှန်ဖြစ်ပေါ်လေ့ရှိတယ်
– Heat Cycle ဟာ ၁ရက်ကနေ ၇ရက်ထိကြာနိုင်တယ်
– Heat Cycle အတွင်းမှာ ကိုယ်ဝန်ရနိုင်ခြေအရမ်းများပါတယ် (သာမန်ရက်တွေကတော့ ကိုယ်ဝန်ရဖို့ရာခိုင်းနှုန်းနည်းပါတယ်)
– Heat Cylce မဖြစ်ပေါ်အောင်လို့ ထိန်းချုပ်ဆေးအမြဲသောက်ပေးနေရတယ်
– အမှတ်သား (Mark)လုပ်ခံရတဲ့ Omegaဟာ အမှတ်သားလုပ်တဲ့သူရဲ့ ရနံ့ကိုသာတုံ့ပြန်တော့တာကြောင့် ထိန်းချုပ်ဆေးမလိုအပ်တော့ဘူး
– အယောက်၁၀၀မှာ Omegaတွေဟာပျမ်းမျှ 10% ရှိ)
———————————-
Mark ပေးတယ်ဆိုတာလဲ?
– Heat Cycle အတွင်းမှာ Aplha က Omega ကိုMark (အမှတ်အသား)လုပ်ကြတာပါ
– Alpha က Omegaကို လည်ဂုတ်မှာကိုက်လိုက်ရင် Omega ဘဝတစ်လျှောက်လုံးကိုက်လိုက်တဲ့Alpha ရဲ့ရနံ့ကိုသာတုန့်ပြန်ပြီး တခြား Alpha တွေကြောင့် Heatဖြစ်မှာမဟုတ်တော့ပါဘူး
– ဘယ်လိုပဲဖြစ်ဖြစ်, Mark လုပ်ခံရတဲ့ Omegaကတော့ တခြား ပါတနာရှာလို့မရတော့ပါဘူး ကိုက်လိုက်တဲ့ Alphaကတော့ ဘယ်နယောက်ဖြစ်ဖြစ်တွဲလို့ရနေမှာပါ
– Mark ပေးထားတဲ့ Alpha နဲ့မဟုတ်ပဲ တခြား Alphaတွေနဲ့ Sexလုပ်မယ်ဆို ခေါင်းမူး,မူးဝေ,ခန္ဓာကိုယ်အတွင်းကအလိုလိုတွန်းကန်နေမှာပါ
– များသောအားဖြင့် Omegaတွေက Mark ပေးထားတာထင်ရှားလာတဲ့အချိန် Sex လုပ်ချင်စိတ်ဖြစ်ကြပါတယ်
– Mark လုပ်ခံရရင် သေရာပါအမှတ်ဖြစ်သွားပြီး ဖျောက်ဖျက်လို့မရတော့ပါဘူး (ခွဲစိတ်ကုသရန် အောင်မြင်နိုင်ခြေ 0% ပါ)
———————————-
အခြားသက်ဆိုင်သော အရာများ
Pheromone(ရနံ့)
Alpha နှင့် Omega တို့သာ ခွဲခြားသိမြင်နိုင်တဲ့ ထူးခြားတဲ့အနံ့
Heat Cycle
Omega တွေမှာပဲဖြစ်ပေါ်ပြီး Heat Cycle ဖြစ်ရင် ရက်တစ်ပတ်လောက်ကြာပါတယ်. Omeag က Alpha တစ်ယောက်နဲ့ Mark မလုပ်ထားဘူးဆိုရင် Heat ကာလခံစားမှုသက်သာအောင် ပြင်းထန်တဲ့ Pheromone တွေကထုတ်လွှင့်ပြီး သူတို့နဲ့ Sexဖို့ Alphaတွေ နဲ့တစ်ခါတစ်ရံ Beta တို့ကို ဆွဲဆောင်တယ် Alphaတွေကလည်း Omega တစ်ယောက်ရဲ့ Pheromone ကိုအလွန်အမင်းအာရုံခံနိုင်စွမ်းရှိတာမလို့ Rut ကာလကိုဖြစ်ပေါ်လာစေတယ်။ အခုချိန်မှာ Omega တွေအတွက် Heat ထိန်းချုပ်ဆေး တားဆေးတို့ပေါ်လာပီမလို့ Heat ကာယလကိုလွယ်ကူကျော်ဖြတ်နိုင်ကြပါပီ
Rut
Alpha တွေမှာ တစ်ခါတစ်ခါ ဖြစ်ပေါ်လေ့ရှိပေမဲ့ Omega တစ်ယောက်ရဲ့ Pheromone နဲ့ ထိတွေ့မိတဲ့အခါ မမျှော်လင့်ပဲ Rut ဖြစ်ပေါ်ပြီး သူတို့ရဲ့စိတ်ဆန္ဒကိုအမြင့်ဆုံးရောက်စေပါတယ် များသောအားဖြင့် Rut ကာလအချိန်မှာသူတို့အသိစိတ်လွတ်သွားတက်ကြပါတယ် ဒီလိုမဖြစ်အောင်လို့ထိန်းချုပ်ဆေးများကိုအသုံးပြုကြပါတယ်
Note : Omegaverse ဟာ Author ပေါ်မူတည်ပြီးကွဲပြားမှုတွေရှိကြပါတယ်။ Omegverse အကြောင်းကရှင်းလေရှုပ်လေ ပြောလေမကုန်နိုင်လေမို့ အခြေခံသဘောလေးပဲရှင်းပြထားပါတယ်ဗျ ဖတ်ပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ဗျ
YMMverse မှာ Omegaverse ၅၀ ကျော်တင်ပေးထားပါတယ်ဗျ ယောကျ်ားလေးကိုယ်ဝန်ဆောင်ဖတ်ရတာသဘောကျရင် Genere မှာ Omegaverse ကိုရွေးပီး search allနှိပ်လိုက်ရင် Omegaverse တွေကျလာပါလိမ့်မယ်နော်
YMMverse_Admin Maiki