Description
လင်းချင်ယွီသည် ဆယ့်ရှစ်နှစ်အရွယ်တွင် ကံဆိုးမှုများနှင့်ရောဂါများ ပျောက်ကွယ်ပြီး ပြန်မွေးဖွားနိုင်ရန် အဆောင်တစ်ခုအဖြစ် နန်အန်းအမတ်အိမ်တော်သို့ ဆက်သခံခဲ့ရပြီး နာမကျန်းဖြစ်နေသော လုဝမ်ချန်နှင့် လက်ထပ်ရကာ ထိုလူ၏ အမျိုးသားဇနီးသည် ဖြစ်လာခဲ့သည်။
မင်္ဂလာဦးညတွင် ဟောသခင်ငယ်လေးသည် အိပ်ရာထက်၌ ပျင်းရိစွာ လဲလျောင်းရင်း ပြောလာသည်၊ “အလှလေး.. ကိုယ် အိမ်တွင်းရေးအရှုပ်အထွေးတွေကို စိတ်မဝင်စားဘူး။ ကိုယ် ဒီတိုင်း စားလိုက်အိပ်လိုက်နဲ့ သေဖို့ကိုပဲ စောင့်ချင်တယ်။ ကိုယ်က ငါးဆားနူတစ်ယောက်ပဲ ဖြစ်ချင်တာ”
တစ်နှစ်မျှကြာပြီးနောက်တွင် သခင်ငယ်လေးက အပြင်းဖျားလာခဲ့သည်။ သူက လင်းချင်ယွီ၏ လက်လေးကို ကိုင်ရင်း သက်ပြင်းချကာဖြင့်၊ “ဇနီးလေး ကိုယ် သေရတော့မယ်.. ဒါပေမဲ့ ကိုယ် ဘဝကူးပြောင်းနိုင်မယ်လို့ ထင်မိတယ်။ အနာဂတ်ကျ မင်း ကိုယ့်ကို ကောင်းကောင်းမှတ်မိနိုင်အောင် လျို့ဝှက်အမှတ်အသားလေးတစ်ခု လုပ်ကြရအောင်”
ဟောသခင်လေး သေဆုံးပြီးနောက်တွင် လင်းချင်ယွီသည် တစ်သက်လုံး မုဆိုးမအဖြစ်နဲ့ နေရန် ရွေးချယ်ခဲ့သည်။
နောက်အိမ်ထောင်ပြုရမည့်အစား လင်းချင်ယွီ သေပစ်လိုက်မည်။
မမျှော်လင့်စွာဖြင့် တစ်နှစ်၊ နှစ်နှစ်မျှကြာပြီးနောက်…. xoxo….သည် တကယ်ကို ပြန်ရောက်လာခဲ့ကာ သူ့ကို လက်ထပ်ရန် ကမ်းလှမ်းလာခဲ့သည်၊ “အကယ်၍ ထူးခြားတဲ့အပြောင်းအလဲပင်လျှင်… အတူတူပဲမလား”
LQ: “…ငါ မင်းကို လက်ထပ်မယ်”
နှစ်နှစ်ကြာပြီးနောက်….
သူ့ခင်ပွန်းက ငပျင်းတစ်ယောက် ဖြစ်နေပေမဲ့ ထိုလူက ဘယ်သူနဲ့မှ မတူဘူးဆိုတာ လင်းချင်ယွီ သိလိုက်ရသည်။
xxxxxxxxxxxxxxx
ဒီ Novel လေးကိုအစ/ဆုံးဖတ်ချင်ရင် ၄၅၀၀ကျပ်ဖြင့် မင်မင်တို့အက်မင်အကောင့်ဆီမှာလာရောက်အားပေးလို့ရပါတယ်…ဖတ်ပေးကြတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ
Tele Acc : @ymmverseadmin
Tele Channel : YMMverse Translation